36

631 96 0
                                    

Chapter 36

ရုန်းနေတုန်းပေါ့လေ...

ကျွင်းချင်ယွီက စားပွဲထိုး၏ခေါင်းကို နံရံနှင့်ဆောင့်ချလိုက်ကာ ဓားမြှောင်ကိုကိုင်မြှောက်လိုက်သည်။ ထို့နောက် နံရံပေါ်ထိုးစိုက်ချလိုက်၏။

ချွန်မြနေသောဓားမြှောင်က နံရံအတွင်းသို့ တစ်ဝက်ခန့်စိုက်ဝင်သွားသည်။ စားပွဲထိုး၏မျက်ဝန်းက ကြောက်လန့်တကြားပြူးကျယ်လာ၏။ သူက ထပ်မံ၍မရုန်းရဲတော့ချေ။

သွမ့်ဟမ်ကျင်းက ရှေ့သို့တစ်လှမ်းတိုးကာ ပြောလိုက်သည်။ "ကျွန်တော့် တာဝန်ထားလိုက်ပါ..."

စားပွဲထိုး၏ရည်ရွယ်ချက်က ဖုယွမ်ချွမ်းကို ထိခိုက်စေလိုခြင်းမဟုတ်ချေ။ ကျွင်းချင်ယွီက ဆက်လက်ကိုင်တွယ်ရမည်ကို ပျင်းရိလေရာ စားပွဲထိုးအား သွမ့်ဟမ်ကျင်းထံ လက်လွှဲပေးလိုက်၏။

သွမ့်ဟမ်ကျင်းက နံရံထဲတွင်စိုက်ဝင်နေသည့် ဓားမြှောင်ကို ပြန်နှုတ်ကြည့်သည်။ သို့သော် နှုတ်၍မရချေ။

သူ့မျက်နှာထက်တွင် ရှက်ရိပ်သမ်းလာကာ ထပ်မံကြိုးစားကြည့်သည်။ သို့သော် ဓားမြှောင်က နံရံတွင်းသို့နက်ရှိုင်းစွာ စိုက်ဝင်နေမြဲပင်။

"အဟမ်း...ကျွန်တော် တစ်ယောက်ယောက်ကိုလွှတ်ပြီး ဓားကိုယူခိုင်းလိုက်ပါ့မယ်..."

ကျွင်းချင်ယွီက ခေါင်းအသာယမ်းကာ ဓားကိုနှုတ်ပေးလိုက်သည်။ "ရော့..."

သွမ့်ဟမ်ကျင်း : "ကျေးဇူးပါ...."

ထိုအချိန်တွင် စက်ရုပ်က သွမ့်ဟမ်ကျင်းကိုင်ထားသည့်လက်ကိုဖြတ်ကာ တဟုန်ထိုးပြေးတော့သည်။

ကျွင်းချင်ယွီ၏မျက်ခုံးများက စိတ်ဝင်စားဟန်ဖြင့် မြင့်တက်သွားသည်။

သွမ့်ဟမ်ကျင်းက လက်ထဲတွင်ကျန်ခဲ့သည့် လက်ပြတ်ကိုကြည့်ရင်း စိတ်လေသွားသည်။ ပိုပြီးစိတ်ပျက်စရာကောင်းသည်မှာ ထိုသူက သူ့ဘေးတွင် အကြာကြီးအလုပ်လုပ်ခဲ့ခြင်းပင်။

ရှီခိုင်ရှင်းက စားပွဲထိုး၏လမ်းကိုပိတ်ထားသည်။

သူ မလွတ်နိုင်ကြောင်းသိသွားချိန်၌ စက်ရုပ်က ကျွင်းချင်ယွီဘက် ပြန်လှည့်လာသည်။ သူက ကျွင်းချင်ယွီအား သတ်တော့မည့်ပုံဖြင့် တစ်ဟုန်ထိုးပြေးဝင်လာလေသည်။

ရေသူလေးWhere stories live. Discover now