Chapter 78
အနည်းငယ်အချောသပ်ပြီးသည်နှင့်ဆိုင်ဖွင့်ရန်အဆင်သင့်ပင်ဖြစ်သည်။
လုပ်စရာမရှိတော့တာမို့ ကျွင်းချင်ယွီခေါင်းတွင်အကြံတစ်ခုပေါ်လာခဲ့သည်။ သူကစားပွဲပေါ်မှမီနူးကိုဖွင့်လိုက်ပြီး ဖုယွမ်ချွမ်းထံတိုးပေးလိုက်သည်။
"ဒီကဧည့်သည် သုံးဆောင်ချင်တာများရှိလားဗျ၊ အော်ဒါလက်ခံမလို့ပါ"
မီနူးမှာဖုယွမ်ချွမ်းသေချာစီစစ်ပြီးမှရွေးချယ်ထားသည်များဖြစ်၍ သူကြည့်စရာတောင်မလိုအောင်အလွတ်ရနေခဲ့သည်။ သူကရှောင်ယွီကိုသာမျက်တောင်မခတ်ပဲကြည့်နေခဲ့သည်။သူ၏လက်ချောင်းလေးများက မီနူးကိုတတောက်တောက်ခေါက်လျက် မေးလိုက်သည်။
"အကုန်လုံးသက်သက်လွတ်ပဲလား"
အချိုပွဲရောင်းသည့်ဆိုင်မို့ အသီးအရွက်နှင့် အသီးအနှံများသာပါ၀ငိပေသည်။
"အင် .. ဆန်းဒ၀ှစ်ချ်ထဲမှာတော့ ၀က်သားပြားပါပါတယ်"
ကျွင်းချင်ယွီမီနူးကိုလှန်၍ပြလိုက်သည်။
"ငါးရောမရှိဘူးလား"ဖုယွမ်ချွမ်းမီနူးကိုပိတ်လျက် သာမန်ကာလျှံကာဆိုလိုက်သည်။
"ကိုယ်အခုတလောပင်လယ်စာတွေအကြိုက်တွေ့ေနလို့"
"အဟွတ်"ကျွင်းချင်ယွီတောင့်တင်းစွာဆိုလာသည်။
"ငါးအများကြီးစားတာကခင်များရဲ့ခန္ဓာကိုယ်အတွက်မကောင်းဘူး၊ အသားနဲ့အသီးအရွက်မျှစားတာက ပိုပြီးသင့်တော်တယ်"
ဖုယွမ်ချွမ်းခေါင်းငြိမ့်လိုက်သည်။
"အဲဒါကကိုယ့်ခန္ဓာကိုယ်အတွက်မကောင်းတာလား၊ ငါးလေးအတွက်မကောင်းတာလား"
ကျွင်းချင်ယွီ မီနူးကိုကိုင်လျက်သူ၏နီရဲနေသောမျက်နှာလေးကိုကွယ်လိုက်သည်။
"သေချာပေါက် ခင်များအတွက်မကောင်းတာပေါ့"
"အဲဒီတော့ငါးလေးအတွက်ကျတော့အဆင်ပြေတယ်ပေါ့နော်"
"..."
ထိုစဥ်ဆိုင်အပြင်ဘက်မှ တံခါးခေါက်သံကိုကြားလိုက်ရသည်။