97

186 33 0
                                    

Chapter 97

လူနှစ်ယောက်သာရှိသော်လည်း ပြင်ဆင်စရာက များလှ၏။ ဟင်းအမယ်သုံးမျိုးသာ အရသာနှပ်ရန်လိုပြီး အခြားအမယ်များကိုမနက်ဖြန်မှ ပြင်ဆင်မည်ဖြစ်သည်။

ပထမဆုံး ပြင်ဆင်ဖူးသော အတူတူဖြတ်သန်းရမည့် နှစ်ကူးပွဲတော်ဖြစ်သောကြောင့် အလျှံအပယ်ပြင်ဆင်နေကြသည်မှာ သဘာဝသာဖြစ်၏။

ဖုယွမ်ချွမ်း ဝက်သားပြားပန်းကန်တစ်ချပ်ကို ပြင်ဆင်ကာ ရေခဲသေတ္တာထဲသို့ ထည့်လိုက်၏။

ကျွင်းချင်ယွီ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

“မနက်ဖြန် ကိတ်မုန့်ဖုတ်ပြီးတော့ အသီးတွေဖြစ်ဖြစ်ပြင်ဆင်ရအောင်…”

ဖုယွမ်ချွမ်းမှာ အဓိကဟင်းလျာများအတွက် တာဝန်ယူထားခြင်းဖြစ်သည်။ အချိုပွဲအချို့နှင့် ညစာစားအပြီးတွင်စားရန် အသီးအချို့နှင့်  အသီးဖျော်ရည်အချို့ကိုလည်း ပြင်ဆင်ထားသည်။

ဝက်သားပြားကို သိမ်းပြီးနောက် ဖုယွမ်ချွမ်း ကျန်သော ဟင်းအမယ်များကို ဆက်ပြင်နေ၏။ သူ့ကို ဆက်တိုက်ကြည့်နေသောငါးလေးကိုကြည့်ကာ ပြောလိုက်သည်။

“ ရေခဲသေတ္တာထဲမှာ ရေခဲမုန့်ရှိတယ်…”

“ရေခဲမုန့်လား… မကုန်သေးဘူးလား…”

ကျွင်းချင်ယွီ စိတ်ထဲတွင် နောက်ဆုံးကျန်နေသောတစ်ခုကို စားလိုက်ပြီးပြီဟု မှတ်မိနေ၏။

ကျွင်းချင်ယွီ ရေခဲသေတ္တာကို ဖွင့်လိုက်သောအခါ အကန့်များတွင် ရေခဲမုန့်များဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရ၏။

အနောက်ဘက်မှ ဖုယွမ်ချွမ်း၏အသံထွက်လာ၏။ “ ကိုယ် အသစ်နည်းနည်း ဝယ်ထားတာ..”

ကျွင်းချင်ယွီမျက်ခုံးလေးများ ကွေးသွားသည်အထိ ပြုံးလိုက်၏။

နည်းနည်းတဲ့လား…

ရေခဲမုန့်အများစုမှာ စတော်ဘယ်ရီအရသာများဖြစ်ကာ ကျန်အနည်းငယ်မှာသာ အခြားအရသာများဖြစ်၏။

ကျွင်းချင်ယွီ တစ်ခစ်ခစ်ရယ်လိုက်မိသည်။ နောက်ဆုံးတစ်ခေါက် ဖုယွမ်ချွမ်းရေခဲမုန့် ဝယ်စဉ်က အရသာအားလုံးအတူတူဝယ်ခဲ့ခြင်းဖြစ်သည်။

ရေသူလေးWhere stories live. Discover now