2

2.5K 140 1
                                    

ဖေဖေသည် မြစိမ်းကို မိတဆိုးအဖြစ် ကြာကြာမရှိစေခဲ့ပါ။မေမေရက်လည်မတိုင်ခင် တစ်ရက်‌အလိုတွင် ဖေဖေသည် မေမေ့နောက်သို့ လိုက်သွားခဲ့ပြီး မြစိမ်းကို လူ့လောကတွင် တစ်ယောက်တည်းထားရစ်ခဲ့ပြန်ပါသည်။ဖေဖေ့လည်ပင်းတွင် ကြိုးကွင်းရာတစ်ခုရှိနေပြီး ကြိုးတန်းလန်းနဲ့ဖေဖေ့ကို မြင်ရချိန် မြစိမ်းရဲ့ ခေါင်းတစ်ခုလုံးချာချာလည်သွားပြီး နားတွေအူထွက်နေခဲ့သည့်အပြင် အရူးတစ်ယောက်လို အော်ဟစ်သောင်းကြမ်းခဲ့သည်။

မြစိမ်းဟာ မိတဆိုးလေးမဟုတ်တော့ပါ။
မိဘမဲ့သွားချေပြီ။ဖေဖေသည် မေမေမရှိတဲ့ဒီလောကကြီးမှာ နေချင်သည့်ဟန်မရှိ။ချစ်တတ်လွန်းပါရော ဖေဖေရယ်။ဖေဖေရဲ့အချစ်က မြစိမ်းကို မိဘမဲ့သွားစေတာမျိုး ထင်ပါရဲ့။မြစိမ်း ဖေဖေ့အချစ်ကို အထင်မကြီးနိုင်တာကိုတော့ ခွင့်လွှတ်ပေးစေချင်သည်။

ရင်တစ်ခုလုံးကွဲကြေမတက် ထုရိုက်ပါသော်လည်း နာကျင်မှုကပျောက်ပျက်မသွား။ပိုပြီးဝောာ့သာ နင့်သီးလာသည်။နောက်ဆုံးတွင် မြစိမ်း သတိလစ်မေ့မြောသွားခဲ့သည်။မြစိမ်းမေ့မြောနေချိန် အမျိုးများက ဖေဖေနဲ့မေမေ့ရဲ့နာရေးကို အတက်နိုင်ဆုံးအဆင်ပြေသွားအောင် ဆောင်ရွက်ပေးပြီး မြစိမ်းကို ဖေးမလက်တွဲကူကြသည်။မြစိမ်းကို အရိပ်တကြည့်ကြည့် ကြည့်နေကြပြီး မန္တလေးကို အပါခေါ်ချင်ကြ၏။အတိတ်နမိတ်ဆိုးတွေရှိခဲ့သော သည်ရန်ကုန်တွင် ထပ်၍အခြေမချစေလို။

မိဘများကို တစ်ပတ်အတွင်းဆုံးရှုံးလိုက်ရသော မြစိမ်းမှာ ပြိုလဲဖို့အင်အားမကျန်တော့ပေ။ငိုဖို့လည်းမတက်နိုင်တော့ပါ။ဖေဖေ သိပ်လုပ်ရက်လွန်းသည်။မြစိမ်းကို ဖေဖေမချစ်ပါ။ဖေဖေ မြစိမ်းကို ရက်စက်ပါသည်။ထားခဲ့ရကောင်းလားဆိုပြီး အချစ်ကိုဦးစားပေးရွေးချယ်သွားတဲ့ဖေဖေ့ကို မြစိမ်း အပြစ်မဆိုရက်ပြန်။ထိုယောင်ချာချာ
အတွေးများဖြင့် မြစိမ်းအနာဂတ်ပျောက်လာသည်။ကိုယ့်ကိုကိုယ်သောကဝေဒနာကြားတွင် ပိတ်လှောင်ထားမိသည်။စိတ်ဝိညာဉ်အား အမျိုးမျိုးညဉ်းပန်းကာ နာကျင်မှုအပေါင်းခံစားစေသည်။လွတ်မြောက်ခွင့်မပေးခဲ့ပါ။

စိမ်း ( Green )Where stories live. Discover now