တန်ကူးသာကြည်သည် ပထမအခေါက်နဲ့မတူ ဒုတိယအကြိမ်တွင် ရန်ကုန်သို့ မြှောက်ကြွမြှောက်ကြွနဲ့ရောက်လာသည်။အိမ်ရောက်တော့ သူ့အိမ်သူ့ယာနှယ် အရင်တစ်ခါ သူနေခဲ့တဲ့အခန်းထဲ အဝတ်ထုပ်သွားထားပြီး မြစိမ်းအနား တောက်တဲ့လေးလို ကပ်နေသည်။
အသားဝါပြေပြေလေးမှာ အညိုနုရောင်သမ်းသွားပြန်၏။ညိုပေမဲ့ ချောနေဆဲ။ညိုချော ငိုပြောလို့မရဘူး ဆိုတာမှန်ပေ၏။မြစိမ်းမှာ ထိုမျက်နှာလေးကို ငေးလို့မဝ။
ငယ်ရွယ်မှုသည် ကောင်းခြင်းပေလား။
မျက်နှာပေါ်က အပြုံးချိုချိုလေးတွေကြောင့် တန်ကူးသာကြည်၏ပုံစံမှာ တက်ကြွမှုအပြည်နဲ့ မြင်သူတကာကို ငေးကနဲသွားစေသည်။မြစိမ်းပင် ထိုပေါသီလှတဲ့အပြုံးတွေကို တွန့်တိုရ၏။တန်ကူးသာကြည်၏အလှမှာ မြစိမ်းလိုမယဉ်၊သို့သော် မြစိမ်းထပ် ပိုသည်။မြစိမ်းက လှတာပဲရှိ၏။တန်ကူးသာကြည်က နူးညံ့သက်ဝင်ခြင်းမျိုးနဲ့ လှတာမျိုးမဟုတ်။ဆွဲဆောင်မှုရှိသည်။စကားပြောဟန်ကဖြစ်စေ၊ရယ်သွမ်းပုံကဖြစ်စေ အပြုအမူတစ်ခုချင်းစီတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ အကြည့်မခွာနိုင်အောင်ဖြစ်ရသည်။
" မျက်နှာပိုးကိုက... "
" ဟော ဘာဖြစ်လို့တုန်း စိမ်းရဲ့ "
" မပြုံးနဲ့.. "
" စိမ်းအနားမှာ ရှိနေရတာလေ။ကျွန်တော် မပျော်ဘဲနေမလား "
မြစိမ်းရဲ့နှလုံးသားလေးကို ဖယောင်းမီးအေးအေးလေးနဲ့ အပူပေးခံရပြီး ပျော်ကျသွားသယောင် ခံစားလိုက်ရသည်။
ထို့နောက် ကလေးငယ်ထံမှ အကြည့်တွေကို ခွာပြီး မြစိမ်းမကြာသေးခင်ကမှ ဝယ်ထားတဲ့ နီလာတစ်ဆင်စာကို ဟိုတို့သည်တို့လုပ်ရင်း...
" စောစောက ကိုကိုကြီးစီကျောက်လာယူတဲ့အလုပ်သမားကောင်လေးတွေရှေ့လည်း မင်းပြုံးနေတာ တို့မြင်ပါတယ်နော် "
" ကျွန်တော်က... "
တန်ကူးသာကြည် စကားရပ်သွား၏။
" ကျွန်တော်က စိမ်းကိုပဲ ကြိုက်တာ "
နှုတ်ခမ်းထောင့်စွန်းလေး လှလှပပ မြင့်တက်သွား၏။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "