မေကြီးပြောပြသော အန်တီ့၏အသက်ကိန်းဂဏန်းသည် တန်ကူးအတွက် ယုံချင့်စရာမရှိ။မိမိထပ် တစ်ဆယ့်သုံးနှစ်ပိုကြီးသောအမျိုးသမီးဟာ မအိုဆေးများစားသလားထင်မှတ်ရအောင် တန်ကူးနဲ့ဘေးချင်းကပ်ယှဉ်ရပ်နိုင်သည်အထိ နုပျိုလွန်းသည်။လမင်းပမာ ဝိုင်းပြည့်နေသောမျက်နှာသွင်ဟာ အပြစ်ဟူ၍ ဆိုရက်စရာမရှိအောင် ရှုမငြီးနိုင်ဖြစ်ရသည်။သည်မျက်နှာ သည်ပုံကျဟာ အန်တီနဲ့သာ အလိုက်ဖက်ဆုံးဖြစ်သည်။တစ်ရာတွင် တစ်ယောက်မရှိနိုင်သော အလှပေ။မျက်ဝန်းများကို ဥပမာပေးရသော် ညကောင်ကင်ထက်က ကြယ်ပွင့်ကလေးများနဲ့တူပါသည်။အနီရင့်ရင့် ဆေးခြယ်တင်သထားသော နှုတ်ခမ်းပါးလေးများကဖြင့် တန်ကူး စက္ကန့်အနည်းငယ်ထပ် ပိုမကြည့်ရဲပါ။
အသက်ထွက်လုနီးနီး ရင်တွေတုန်လာတာကျ...
တန်ကူးသာကြည် အသက်ရှည်ရှည်နေချင်သေးပါသည်။ရပ်ကျော်ရွာကျော်၊၉/ဘယ်သူမှမနိုင် တန်ကူးသာကြည်သည် လှိုင်သာယာက နှစ်ထပ်အိမ်ကြီးသို့ ရောက်သည်အထိ အန်တီမောင်းတဲ့ကားပေါ် တိတ်တဆိတ်လိုက်ပါလာသည်။မီးပွိုင့်မိစဉ် ဘေးချင်းကပ်က မင်းသားကြီးဒွေးရဲ့ ရေမွှေးဘောပင်ကြေညာစာရွက်ကပ်ထားသည့်ဘတ်စ်ကားတစ်ခုတွင် ပုရွက်ဆိတ်အုံကဲ့သို့ လူများတိုးကြိတ်စီးနေပုံကိုကြည့်ပြီး တန်ကူးစိတ်အိုက်မွန်းကြပ်လာသည်။သူတို့၏ချွေးနံ့များက တန်ကူးထံ ကူးစက်လာသလို ခံစားရသဖြင့် ကြာကြာဆက်မကြည့်နိုင်ဘဲ ဝါနေရာမှစိမ်းတော့မည့် မီးပွိုင့်ထံသာ အကြည့်လွှဲထားရသည်။
ဘူတာရုံနဲ့ ဗဟန်းမြို့ လမ်းခရီးမှာ ကားမပိတ်တာတောင် တစ်နာရီလောက်ကြာ၏။မန္တလေးကလွဲ ဘယ်မြို့ဘယ်အရပ်ကိုမှ ခရီးတိုအဖြစ်တောင် မသွားခဲ့ဖူးသော တန်ကူးအတွက် မြင်ရတွေ့ရသမျှက ကွဲပြားလို့နေသည်။
အန်တီ့အိမ်နဲ့ခြံမှာ လမ်းမကြီးပေါ်မဟုတ်ဘဲ လမ်းသွယ်တစ်ခုတည်းသို့ ချိုးဝင်ရသည်။
တန်ကူးတို့မန္တလေးကခြံထပ် ပိုကျယ်လေ၏။ရှေ့နောက်ပေကိုးဆယ်ဝန်းကျင်လောက်ရှိမည်။ပေတစ်ရာတော့ မပြည့်နိုင်။ဤသည် တန်ကူး၏ခန့်မှန်းချက်မျှသာ။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "