20

1.6K 115 3
                                    

သင်္ချာမေးခွန်းဟောင်းတွက်ရင်း စိတ်မှ ကဖင်းဓာတ်ကို အာသီသရှိလာသည်။ထမင်းစားပြီးကာစမို့ ပါးစပ်မှာ တစ်ခုခုလိုနေသလိုခံစားရသည်။

အစကတော့ စာလုပ်စရာတွေများလို့ ညဘက် အိပ်မပျော်အောင် စမ်းသောက်ကြည့်ရာကနေ တန်ကူးသာကြည် ကော်ဖီစွဲနေလေပြီ။တစ်နေ့ နှစ်ခွက်လောက်ကတော့ အနည်းဆုံးသောက်ဖြစ်သည်။တစ်ခါတစ်လေ သုံးခွက်ထပ် ပိုသည့်အခါမျိုးလည်း ရှိ၏။

ကဖင်းဓာတ်ခါးခါးသည် တန်ကူးရဲ့ စိမ်းနဲ့ တူပါသည်။ထိုအရာနှစ်ခုလုံး၏ တန်ကူးသာကြည်အပေါ် စိုးမိုးပုံကတော့ မကောင်းမှန်း သိသော်လည်း မက်မက်မောမောနဲ့ကို စွဲလမ်းမိတာမျိုး!!!

ပူမှန်း သိသိရက်နဲ့ မီးပုံထဲ တိုးဝင်ချင်နေတဲ့
ပိုးဖလံလေးကဝောာ့ တန်ကူးသာကြည်ပေါ့...

" မဝေ!!! "

" ကျစ်!!!မဝေတစ်ယောက်ကလည်း ခေါ်တာကို မကြားဘူး "

သည်ပုံစံအတိုင်းဆို ကိုယ်ကိုတိုင်ပဲ ထပြီးဖျော်တာကမှ မြန်ပေလိမ့်မည်။မဝေတို့က အားကိုးကိုမရပါ။နောက်မှ ဖေကြီးနဲ့ တိုင်ဦးမည် ဟု တန်ကူးတေးထားလိုက်သည်။

" ဒါနဲ့ စိမ်းတောင် အိမ်ထောင်ပြုတော့မယ် တဲ့။မောင်တို့တော့ စားရဦးမယ်ဟေ့ "

" ဟယ် တကယ်လား!!! "

မေကြီးတို့ရဲ့ အခန်းရှေ့မှအဖြတ် ဟနေသော တံခါးကြားမှ စကားသံများ။

' စိမ်း ' ဟူသည့် နှစ်ယောက်မရှိနိုင်သော တန်ကူးသာကြည်၏အမျိုးသမီးကြီးနာမည်ကို ကြားမိ၍
တန်ကူးသာကြည်၏ ခြေလှမ်းများ တုံ့ကနဲ ရပ်သွားသည်။ခိုးနားထောင်တာမဟုတ်သော်လည်း တံခါးအကွယ်မှာ အချိန်အတော်ကြာထိရပ်နေမိသည်က ခဲဆွဲထားသော ခြေထောက်များကြောင့် ဟု တန်ကူးမလိမ်ချင်ပါ။

နှလုံးသားသည်ပင် ဆူးနစ်နေသလို အောင့်မျက်လာ၏။ကဖင်းဓာတ်ခါးခါးက အခုမှ ပိုလိုအပ်လာသလို...။

" မနေ့ညက ကိုကိုကြီးကိုယ်တိုင်ပြောတာ မာရဲ့။
စိမ်းလည်း ယူမယ့်ယူတော့ သုံးဆယ်ကျော်မှ ယူရတယ်လို့ကွာ "

စိမ်းက ဘာလို့ လက်ထပ်ရမှာလဲ?

တန်ကူးသာကြည်၏စိတ်တွင် မယုံကြည်နိုင်ခြင်းများကို တစ်ဖက်က မြတ်နိုးခိုင်မာမှုတို့ကယှဉ်ပြိုင် အလဲထိုးနေကြသည်။

စိမ်း ( Green )Where stories live. Discover now