27

1.4K 96 3
                                    

" မေကြီး...မေကြီး "

" မေကြီးရေလို့..."

" မိပုံ့ ညည်းငါ့ကို ဘာဒုက္ခပေးဦးမလို့လဲ။ဒီမှာ အလုပ်လုပ်နေတယ်လေ ဖယ်စမ်းပါအေ "

လိုချင်တာရှိမှ ' မေကြီး ' လို့ တပြီး
အပူကပ်တတ်သောတန်ကူးသာကြည်၏အကျင့်ကိုသိစွာ ဒေါ်မာမာရီတစ်ယောက် ဘာပြသာနာရှာလေမလဲ ဟု ခေါင်းကိုက်ရ၏။

တန်ကူးသာကြည်က သူ့ဗိုက်ထဲကထွက်ထားလို့သာ သူ့သမီးလို့ ယုံစရာရှိတာ။စိတ်ဓာတ်ကတော့ သူတို့နဲ့ လုံးဝမှမတူ။တန်ကူးသာကြည်က တဇွတ်ထိုး၊သူလိုချင်တာ ရလိုက်ရမှ၊သူဖြစ်ချင်တာ ဖြစ်လိုက်ရမှ။ဦးသာကြည်ရော၊ဒေါ်မာမာရီ နှစ်ယောက်လုံးက လူအေးတွေ။ဒီသမီးတစ်ယောက်နဲ့တင် ရှိသမျှခေါင်းမွေးပြောင်ချင်နေပြီ။

" မေကြီးကလည်း ပုံ့ကိုဆို အမြဲအဲ့လိုပဲ "

လိုချင်တာ ရှိနေသေးသဖြင့် မေကြီး၏လက်မောင်းကို ကျစ်နေအောင် ဖက်ထားပြီး တန်ကူးသာကြည်အတက်နိုင်ဆုံး မျက်နှာလေးငယ်ကာ လေပြေသွေးဖို့ ကြိုးစားလိုက်သည်။

မေကြီးမျက်နှာလေး ပျော့သွားသည်ဆိုမှ...

" စတိုခန်းထဲက ဂစ်တာလေ ပုံ့ခဏသုံးချင်လို့ ရလားဟင်။ရတယ်မလား "

ဒေါ်မာမာရီ စိတ်ထဲ တင်းကနဲဖြစ်သွားသော်လည်း မျက်နှာတွင် ခပ်ချိုချိုအပြုံးတစ်ခုချက်ချင်းပေါ်လာကာ လက်ထဲမှ ချည်လုံးကို အောက်ချလိုက်သည်။

" ရတာပေါ့။ပုံ့ပုံ့သုံးချင်သုံးလေ "

" အဲ တကယ်ရတာလား။အဲ့တာဖေကြီးဟာထင်တယ်နော်။တကယ်ရလို့လား မေကြီးရဲ့။ပြီးမှ ပုံ့ကို မဆူနဲ့နော် "

" ဪ ဒီကလေးနှယ့်။ရပါတယ်ဆို တကယ်ရတာပေါ့။သမီးဖေကြီးလည်း သုံးတော့တာမှမဟုတ်တာ "

မေကြီးကိုယ်တိုင်အာမခံနေမှတော့ သုံးလို့ရလောက်ပါသည်။‌စတိုခန်း ဟု ဆိုသော်လည်း ဖေကြီးရဲ့ပစ္စည်းတွေ အများဆုံးပင်။ဒါ့ကြောင့် တန်ကူး လက်လွတ်စပယ်မထိချင်၍ မေကြီးစီက ခွင့်ပြုချက်တောင်းနေခြင်း။

ဦးအောင်(ဒေါ်မာမာရီ၏မောင်)က မန္တလေးပန်ဒရာ ကျောင်းဆင်း၊ အနုပညာသုခမှာ တစ်ဖက်ကမ်းခတ်အောင် တော်၏။ဆိုင်းတီးတတ်သလို ခေတ်ပေါ်ဂစ်တာလည်း ရသည်။ဇာတ်ဝိုင်းတစ်ခုလည်း ထောင်ထားသေးသည့်အပြင် အနုပညာရုပ်ရှင်ဘက်၌ အဆက်သွယ်လည်း ‌များ၏။ဦးအောင် မြေတောင်မြှောက်ပေးလိုက်လို့ နာမည်ကြီးအောင်မြင်သွားတဲ့ မင်းသား၊မင်းသမီးတွေမှ အများကြီး။

စိမ်း ( Green )Where stories live. Discover now