မြစိမ်းအတွက် မမမာက ဧည့်သည်ခန်းစီစဉ်ပေးချိန်မှာမှ မတက်သာတော့ဘဲ သူ့နှုတ်က " အန်တီ့ကို ပုံ့နဲ့ပဲ အိပ်ခိုင်းလိုက်မယ် မေကြီး " တဲ့။အဲ့ဒါနဲ့ပဲ မမမာရဲ့ စိမ်းကို အားနာလိုက်တာ ဆိုတဲ့အကြည့်တွေကို မြစိမ်းအပြုံးတစ်ခုနဲ့ လျှော်ပေးပြီး သူ့အိပ်ခန်းစီကို ပါလာရတော့သည်။
အခန်းဖွဲ့စည်းပုံသည် သာမာန်မိန်းကလေးများနည်းတူပါပဲ။တန်ကူးသာကြည်ပေမို့ဆိုပြီး ထူးခြားသွားတာမရှိ။သနပ်ခါးကြိုက်တတ်လေသူမို့ ထင်ပါရဲ့။တန်ကူးသာကြည်ရဲ့ အခန်းက ရွှေဘိုသနပ်ခါးအနံ့လေးသင်းနေ၏။အမြဲတစေတန်ကူးသာကြည်အနားမှ ရလေ့ရှိသော ဝါညက်ညက် အနံ့ကလေးပင်။မြစိမ်းရဲ့စိတ်အယဉ်ပင် စမ်းရေအေးအေးလေးနဲ့ ထိတွေ့လိုက်ရသလို ကြည်လင်သွားသည်။
ညာဘက်တွင် နံရံကပ်နှစ်ယောက်အိပ်ကုတင်အကြီးတစ်လုံးရှိပြီး ဘယ်ဘက်တွင်မူ မှန်ပါသော ကျွန်းဗီရိုကြီးနှစ်လုံးချထား၏။ကုတင်အောက်ခြေရင်းရှိ မှန်တင်ခုံပေါ်တွင် နှုတ်ခမ်းနီ၊မိတ်ကပ်ဘူးများနှင့် ကျောက်ပြင်ကြီးတစ်ချပ်က စီစီရီရီ။
စာကြည့်စားပွဲတွင်မူ ဆယ်တန်းစာအုပ်တစ်ချို့ရှိသည်။တန်ကူးက ဉာဏ်ကောင်းပါသည်။စာဖတ်အားလည်း ကောင်း၏။ဆရာမမစန္ဒာ၏စာအုပ်များအပြင် တက္ကသိုလ်ဘုန်းနိုင်၏စာအုပ်များကိုပါ နံရံကပ်စာအုပ်စင်လေးပေါ်တွင် တွေ့ရသည်။
" တို့ အိတ်ကို ဘယ်မှာထားရမလဲ "
" ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ "
" မင်းက တို့လာတာမကြိုက်လို့လား "
" ကိုသန့်တည်မြတ်ကို ပြုံးပြတာ မကြိုက်ဘူး "
" ဟင်... "
မြစိမ်းရဲ့ အာမေဋိတ်အသံလေးဟာ တစ်ဖက်လူရဲ့စိတ်ကို ခဲသေးသေးလေးနဲ့ပေါက်ပြီး နှိုးဆွလိုက်သလို တန်ကူးသာကြည်၏မျက်နှာက ပုံမှန်ထပ် သုံးဆလောက်ပိုပြီး တည်သွား၏။
အမေးနဲ့ အဖြေဟာ မအက်စပ်ဘူးလေ။
မြစိမ်း ဘယ်လို ဆက်စပ်ပြီးတွေးရမလဲ။" ဒီကိုရောက်လာတာ ကိုသန့်တည်မြတ်ကိုကြည့်ဖို့ရောက်လာသလိုမျိုး အန်တီ့အပြုံးတွေက သူ့ကိုပဲ..."
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "