နာရီက ဆယ့်နှစ်(တစ်ဆယ့်နှစ်)နာရီတော့ ထိုးပြီ။နာရီဝက်လောက် စောထွက်လာလို့ တော်သေးသည်လို့ ပြောလို့ရသည်။မြစိမ်း မန္တလေးကလမ်းတွေကို လည်လည်ဝယ်ဝယ်မောင်းတတ်ဝာာမဟုတ်ဘူး။အခုတောင် မြစိမ်းအရင်ကဖြေခဲ့တဲ့ကျောင်းမှာပဲ သူလည်းဖြေရတယ်ဆိုလို့ ခဏလောက်ပဲဖြစ်ဖြစ် မျက်နှာလေးကို တွေ့ချင်လို့ တစ်ယောက်တည်း ထွက်လာခဲ့မိတာ။ကိုကိုကြီးကိုတောင် အသိပေးခဲ့ဝာာမဟုတ်ဘူး။
မကြာပေ ကျောင်းထဲမှ စာမေးပွဲချိန်ပြီးဆုံးကြောင်း ခေါင်းလောင်းသံကို ကျောင်းအပြင်ကနေပါ ကြားရ၏။ဒီနေ့ဖြေရတာ သင်္ချာဆိုတော့ စာတွက်ပျင်းရတာ ပျင်းကြောင်း ခဏခဏငြီးငြူဖူးတဲ့ကလေးငယ်အတွက် အနည်းငယ်စိတ်ပူမိသည်။
မြစိမ်းတုန်းကတော့ သင်္ချာကို ကိုးဆယ်ကျော်နဲ့ အောင်တာ။ဆေးလည်း မှီပါ့၊ဒါမှမဟုတ် ဆရာဝန်လုပ်မလား အင်ဂျင်နီယာလုပ်မလား ဘယ်ဟာလုပ်လုပ်ရသားပဲ။မန္တလေးတက္ကသိုလ်မှာလည်း IRလား၊Lawလား ကိုလေးက ကြိုက်တာ မျက်လုံးမှိတ်ရွေးလို့ရတယ် တဲ့။ကိုလေးကိုယ်တိုင်ကလည်း မန္တလေးတက္ကသိုလ်ထွက်။မြစိမ်းရဲ့အမှတ်က ငါးရာကျော်ပီး EMCPလေးဘာသာပေါင်းကလည်း ဘယ်လိုင်းတတ်တတ် မျက်နှာငယ်ရမယ့်အထဲမပါဘူးလေ။
ဒါပေမယ့် မြစိမ်းက ဖေဖေဖြစ်စေချင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့ဆန္ဒကို ဖြည့်စည်းပေးချင်တာ။အို မြစိမ်းကလည်း အတွက်အချက်ကို ဝါသနာကိုပါတာ။
" ငါက သင်္ချာမေးခွန်းသတ်မယ်ထင်နေတာ။တကယ်လွယ်တာပဲ "
" အေး ဒါပေမယ့် ငါတော့ သုံးမှတ်တန်ထဲက နှစ်ပုဒ်မဖြေနိုင်ခဲ့ဘူး။sectionAကိုလည်း နံကြားထောက်ပြီး ဖြေလာတာပဲ "
" အောင်ပါတယ်ကွာ "
မေးခွန်းစာရွက်လေးတွေ ကိုယ်စီကိုင်ပြီး စာမေးပွဲခန်းထဲကနေ ထွက်လာကြတဲ့ကလေးတွေ။သင်္ချာက လွယ်တယ်ဆိုပါ့လား။ဒါဆို ကလေးငယ်လည်း ဖြေနိုင်လောက်ပါရဲ့။
ကျောင်းထဲက ထွက်လာတဲ့ကလေးတွေထဲကမှ သူ့ကို တဖန်လိုက်ရှာရသည်။တစ်ချို့ကလေးတွေက အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေနဲ့၊တစ်ချို့ကျတော့လည်း အပြင်ဖြေဝမ်းဆက်လေးတွေနဲ့။ယောက်ျားလေးတွေကတော့ အင်္ကျီအဖြူချည်းပဲဆိုတော့ ပုဆိုးအရောင်ပဲပြောင်းတာ။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "