" ပုံ့ပုံ့ကြိုက်တဲ့ဝက်ပုန်းရည်လေး မေကြီးကိုယ်တိုင်ချက်ထည့်ထားတာ။ထည့်စားပါဦး "
ထမင်းဖြူချည်း ပြည့်နေတဲ့ပန်းကန်ထဲ ပုန်းရည်အနှစ်အိနေတဲ့အသားတစ်တုံးကို ခပ်ထည့်ပေးလိုက်သည်။တစ်အိမ်လုံး ဒေါ်မာမာရီရဲ့ခပ်ရွှင်ရွှင်အသံက လွင့်မြူးနေ၏။
အရင်ရက်တွေကဆို ဒေါ်မာမာရီရဲ့မျက်နှာက မှုန်မှိုင်းနေသည်။ယခုမူ သည်လိုမဟုတ်တော့။မမလေးတန်ကူးက အင်းမလုပ်အဲမလုပ်နဲ့ ငြိမ်နေတာဖြစ်သည်။ဦးလေးသာကြည်ကလည်း မျက်နှာမကောင်း။
တန်ကူးက အစားချေးများပြီး လူရွေးသည်။
သီးစုံဟင်းချိုဆို ဝေဝေချက်တာမှ စားတာ။အခုလည်း ဝေဝေကိုယ်တိုင် တန်ကူးလေးအကြိုက်
သီးစုံဟင်းချိုလေးချက်ထားသည်မို့...." တန်ကူးလေး သီစုံဟင်းချိုသောက်ကြည့်ပါဦး မဝေချက်ထားတာလေ "
ဒေါ်မာမာရီ၏မျက်စောင်းတို့က ဝေဝေ့ဆီ ပြေးရွယ်စူးခဲသွား၏။ထို့နောက် အသံခပ်ပြတ်ပြတ်ဖြင့်...
" ညည်းဖယ်စမ်း ဝေဝေ "
ဝေဝေ အငေါက်ခံလိုက်ရသဖြင့် မျက်နှာပျက်သွားသည်။ထိုအခါ တန်ကူးသာကြည်က ခေါင်းထောင်လာကာ မဝေကိုရန်လိုနေသော မေကြီးကို စိတ်ပျက်သလိုကြည့်ပြီး ကျစ်သတ်လိုက်သည်။
" မေကြီး!!! "
" ဝေဝေ ညည်းနောက်ရက်ကစပြီး ကိုယ့်ရွာကိုယ်ပြန်ဖို့ စဉ်းစားထားတော့ "
" ရှင်..ဝေဝေဘာလုပ်မိလို့လဲ အန်တီမာရယ် "
" ငါနှင်ချင်လို့ကိုနှင်တာ။ညည်း ငါတို့အိမ်မှာနေခဲ့တဲ့သံယောဇဉ်ကိုထောက်ပြီး ရွာမှာလုပ်ကိုင်စားသောက်ဖို့အရင်းနှီးပေးလိုက်မယ် "
" မေကြီးဘာဖြစ်နေတာလဲဗျာ!!!! "
တန်ကူးသာကြည်က သည်းမခံနိုင်တော့သလို အော်ပြစ်လိုက်သည်။မေကြီးဘာလို့ ဒီလိုတွေလုပ်နေလဲဆိုတာ တန်ကူးသိသည်။တန်ကူးသိသလိုပဲ တန်ကူးသာကြည်က မိန်းမတိုင်းကို ကြိုက်နေတာမဟုတ်ဘူးဆိုတာ မေကြီးလည်း သိဖို့ကောင်းသည်။
ဒါကို မေကြီးဘာလို့အခုထိနားမလည်သေးရတာလဲ။ကြာတော့ တန်ကူးသာကြည် မေကြီးကို စိတ်ပျက်လာသည်။ကိုယ့်ကိုယ်ကိုယ်ရော၊နောက်ပြီး သူ့ကိုပါ သိပ်စိတ်ပျက်သည်။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "