မြစိမ်းနဲ့ကိုကိုကြီး ဒေါ်ဒေါ်တို့အိမ်မှာ ပြောင်းနေကြသည်။သူတို့သဘောဆန္ဒကို ဆန့်ကျင်ပြီး ကိုလေးနဲ့မေညိုတို့ရဲ့လက်ထပ်ပွဲ အထမြောက်ခဲ့တာကို အခုထိစိတ်ဆိုးနေဆဲပင်။မြစိမ်းကို မြင်တော့ ဒေါ်ဒေါ်ကြိုင်က ဖက်ပြီးငိုသည်။
ကိုလေးတို့မိဘတွေဆုံးပါးသွားပြီးကတည်းက ကိုလေးဆိုတာ ဒေါ်ဒေါ်တို့လက်ပေါ်မှာ ကြီးလာတာ။မောင်နှမအားလုံးထဲမှာ ဉာဏ်ကောင်းပြီးထက်မြက်တဲ့ကိုလေးကို ဒေါ်ဒေါ်တို့က အချစ်ဆုံးလေ။အခုတော့ သူတို့သဘောမတူတဲ့မိန်းကလေးနဲ့ယူသွားတော့ အကြီးအကျယ်စိတ်ဆိုးကြ၏။
မေညိုနဲ့ယူပြီးတော့ ကိုလေးကို ဒေါ်ဒေါ်တို့ဆီသွားလည်ဖို့ ကိုကိုကြီးနားချပါသေးသည်။ကိုလေးက မေညိုမီးဖွားပြီးမှ သွားမည် တဲ့။ကလေးမျက်နှာနဲ့ဆိုရင် ဒေါ်ဒေါ်တို့ခွင့်လွှတ်လောက်မည် ဟု တွေးထားပုံရ၏။
တန်ကူးသာကြည်နဲ့တော့ အဲ့ဒီနေ့ပြီးကတည်းက မြစိမ်းအဆက်သွယ်မရတော့။မြစိမ်းဘက်က စမဆက်သွယ်သလို သူ့ဘက်ကလည်း မဆက်သွယ်ပါ။
တစ်နိုင်ငံလုံးက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ စနေပြီ။သူရော စာမေးပွဲဖြေနေရပြီမလို့ ကလေးငယ်ကို မြစိမ်း ဒီအချိန်မှာ စာကလွဲပြီး ကျန်တာမတွေးစေချင်။ဒီတစ်နှစ်တော့ သူကိုယ်တိုင်လည်း ကြိုးစားထားတာမလို့ အောင်စေချင်သည်။
ကိုကိုကြီး၏အပြောအရ မမမာက တယ်လီဖုန်းကြိုးမှန်သမျှ ဖြတ်ထားသည့်အပြင် စာကျက်ဝိုင်းကိုတောင် ဒေါ်မာမာရီကိုယ်တိုင် လိုက်ပို့သည် တဲ့။တန်ကူးကို သိပ်တင်းကြပ်ထားမှန်း သိသာ၏။
မြစိမ်းနဲ့သူ့ကို ဘယ်လိုမှသဘောတူမှာမဟုတ်ဘူးဆိုတာ မြစိမ်းသိ၏။မိန်းမချင်းမို့သဘောမတူတာထပ် မြစိမ်းက ကိုကိုကြီး၏ညီမဖြစ်နေလို့ လို့ ပြောရင် ပိုမှန်လိမ့်မည်။ထိုနေ့က ဒေါ်မာမာရီ
ရဲ့စကားတွေက ဘယ်အတိုင်းအတာထိရောက်သွားသလဲဆိုတာ ပြောတဲ့လူကိုယ်တိုင်ကသိပါ့မလား မသေချာပေမယ့် မြစိမ်းကတော့ အခုထိနားထဲကမထွက်။မြစိမ်းထင်သလို ကိုကိုကြီးနဲ့အန်ကယ်လ်သာက မှန်နေ၏။ဒေါ်မာမာရီရဲ့ကိုကိုကြီးတို့အပေါ်မကျေနပ်ချက်တွေကို မြစိမ်းနဲ့တန်ကူးသာကြည်အပေါ် ဖြည်ချနေမှန်း မြစိမ်းသိဝာာပေါ့။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "