28

1.4K 114 7
                                    

ဦးသာကြည် အိပ်ယာနိုးကတည်းက မနေ့ညကသောက်ထားတဲ့အရှိန် ခေါင်းတွေအုံခဲနေ၏။‌ညက ဖြစ်ပျက်သမျှအားလုံးကို တစ်ခုမကျန် အကုန်မှတ်မိပါသည်။

ဦးသာကြည်က မူးရင်သွေးဆိုးတတ်တဲ့အထဲလည်းမပါ၊ထို့အပြင် မနေ့ညက မူးနေတာမဟုတ်ကြောင်း ကိုကိုကြီးနဲ့ ဒေါ်မာမာရီ အသိဆုံးဖြစ်လိမ့်မည်။

ကိုကိုကြီးက ညကအိမ်မှာအိပ်သည် ဟုပြောသည်။ဦးသာကြည် နိုးတုန်းကတော့ မတွေ့။
ဒီအချိန်ထိ အိပ်နေတာတော့မဖြစ်နိုင်။ကြက်ဖမတွန်ခင် မျက်လုံးနှစ်လုံးအရင်ပွင့်တဲ့ကိုကိုကြီးအကြောင်းကို သူသိသည်။ဒီကောင် ညက သောက်လည်းမသောက်ဘဲနဲ့။နေလို့မကောင်းများ အခန်းထဲက မထွက်တာများလား။

" ကိုကိုကြီး မင်းအခန်းထဲမှာရှိလား "

မိမိအိမ်လည်းဖြစ်၊ယောက်ျားချင်း ဟူသော အသိဖြင့် ဦးသာကြည်တံခါးမခေါက်ဘဲ ဖွင့်ဝင်လိုက်သည်။ထင်ထားတဲ့အတိုင်း ကိုကိုကြီးမရှိ။

ဧည့်ခန်းထဲ ဝင်ထိုင်ကာ သတင်းစာတစ်စောင် ကောက်ကိုင်လိုက်၏။သတင်းစာဖတ်နေရင်း
တစ်အိမ်လုံးမသိမသာမျက်စိကစားပြီး ရှာသော်လည်း မတွေ့။နောက်ဆုံးမနေနိုင်တဲ့အဆုံး အိမ်ကကောင်မလေးတစ်ယောက်ကို လှမ်းခေါ်လိုက်ရတော့သည်။

" မနေ့ညက ဒီကိုပါလာတဲ့ဧည့်သည်ရော..."

" ဟို.."

အိမ်ကကလေးမတွေက တန်ကူးသာကြည်နဲ့ဦးသာကြည်ရှေ့ဆို ငြိမ်ကုပ်နေတတ်၏။ဒေါ်မာမာရီက သဘောကောင်းပြီးချိုသာသလောက် ဦးသာကြည်က ဘယ်သူ့မှ ပ စားမပေး။တန်ကူးသာကြည်ကျလည်း စိတ်က လက်တဆစ်။

နဂိုကမှ ဦးသာကြည်ဆိုရင် ကြောက်သော ကလေးမတွေက မနေ့ညကအဖြစ်ပျက်တွေကြောင့် ယခုမူ တဟိုဟို နဲ့ စကားပင်ထစ်နေသည်။

" အန်ကယ်လ်ကိုးကို ရှာနေတာဆိုရင် အန်တီနဲ့အန်ကယ်လ်ကိုးက သူ့အဒေါ်တွေကို တွေ့ဖို့သွားတယ် ဖေကြီး "

အချိန်ကိုက်ရောက်ချလာတဲ့တန်ကူးသာကြည်က ဝင်ထောက်ပြီးပြောမှ ထိုကလေးမခဗျာ လစ်ကနဲ ပြေးတော့သည်။

" ညကကိစ္စ..."

" ဖေကြီးမူးနေလို့မလား "

ဦးသာကြည် ဖြေရခက်သွား၏။
ခန္ဓာကိုယ်ထဲစီးနေတဲ့သွေးတစ်ဝက်တူ၍ တန်ကူးသာကြည် ဘာသဘောနဲ့မေးမှန်း ဦးသာကြည်သိသည်။

စိမ်း ( Green )Where stories live. Discover now