ဧည်သည်ပေမို့ နေရပ်ကို ပြန်ရမည့်ရက်သောအခါ တန်ကူးသာကြည်သည် ဘူတာရုံသို့ နောက်တစ်ခေါက်ရောက်လာရပြန်သည်။
သည်တစ်ခါတော့ စိမ်းကိုယ်တိုင် ဘူတာရုံသို့ လိုက်ပို့သည်။အိမ်မှ ထွက်လာသည့်တိုင် သူတို့နှစ်ဦး မည်သည့်စကားမျှ မဆိုဖြစ်။မဝေးခင်ကတည်းက လွမ်းနေရသည့် အဖြစ်မှာ တန်ကူးသာကြည်အတွက် စိမ်း၏မျက်နှာလေးကို မြင်တိုင်း အလွမ်းတွေ တစ်ဆထပ်တစ်ဆ တိုးရစ်လာသလို ခံစားနေရသည်။
တန်ကူးသာကြည်သည် ဤအလွမ်းတွေအား ယှဉ်တုဖို့ ခံနိုင်ရည်မရှိပါ။သက်သာလို့ သက်သာငြား သက်ပြင်းချပါကလည်း အသက်တိုဖို့သာရှိ၏။အလွမ်းမပြေပါချေ။
" တို့ မင်းအတွက် ဝယ်ထားတာလေး... "
ကတ္ထီပါဘူးထဲတွင် ခပ်လတ်လတ် ရွှေဟန်းချိန်းတစ်ခုရှိနေသည်။ဒီဇိုင်းမှာလည်း ရိုးရိုးရှင်းရှင်း၊သေသေသပ်သပ်နဲ့ပင်။မြင်ရုံနဲ့တင် တန်ဖိုးမသေးမှန်း သိသာလှ၏။
ရွှေနဲ့လိုက်သော တန်ကူးသာကြည်၏ ညိုစိုစိုအသားပေါ်တင်လိုက်ပါက အရောင်ဟပ်သွားမည်မှာ သေချာသလောက်ပင် ရှိသည်။မန္တလာသူဖြစ်သော တန်ကူးသာကြည်ကလည်း မငယ်နည်းတူ ရွှေကြိုက်လေသည်။
" အစက တို့ ဒါလေးကိုမြင်ဝောာ့ မင်းနဲ့လိုက်မယ်ထင်လို့ ဝယ်ခဲ့တာ။အခုတော့ အိမ်ပြန်လက်ဆောင်အနေနဲ့ ယူသွားပါ "
အိမ်ပြန်လက်ဆောင် ဟု စိမ်း၏နှုတ်ဖျားမှ ဆိုသော် တန်ကူးသာကြည်တစ်ယောက် ခြေစောင့်၍သာ ငိုလိုက်ချင်တော့သည်။မြစိမ်းကတော့ လူကြီးပေမို့ ဆန္ဒကို သိက္ခာနဲ့ထိန်းနိုင်သော်လည်း တန်ကူးသာကြည်က ထိုသို့မဟုတ်။
" စိမ်း ကျွန်တော်ဒီမှာပဲနေလို့မရဘူးလား "
" အို...ဘယ်ရမလဲ တို့ကလေးငယ်ရဲ့ "
" ဒါဆို စိမ်း မန္တလေးကို လိုက်ခဲ့။ယူပြီးရင်လည်း ယောင်နောက် ဆံထုံးပါရမယ့်အတူတူ အခုကတည်းက လိုက်နေလေ "
ထိုအခါ ဒီနေ့အတွက် ဘယ်နှခါမြောက်မှန်းမသိသော စိမ်း၏ ' မနိုင်ဘူး ' ဟု အဓိပ္ပာယ်ရသည့်
မျက်စောင်းလှလှလေးတစ်ချက်သည် တန်ကူးသာကြည်ထံ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ
ချေသည်။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "