21

1.7K 126 4
                                    

တက္ကသိုလ်ဝင်ခွင့် ဆယ်တန်းစာမေးပွဲကြီးနီးလာသည်နှင့်အညီ မြစိမ်း၏စိုးရိမ်ရေအမှတ်လည်း တိုးသထပ် တိုးလာရသည်။မြစိမ်းအနေနဲ့သာဆို သူ့ကို ချစ်နေပြီးသားမလို့ သေချာပါက် စာမေးပွဲ
အောင်ရမည် ဟု မဆိုလိုပါ။

အစဦးကတော့ သူ့ကို ကောင်းစေချင်သည့်စိတ်တစ်ခုသာ ရှိခဲ့သည်။သည်လောက် မိမိကိုယ်ကို ယ်ကိုယ် သူ့အချစ်မှာ ပျော်ဝင်သွားမည် ဟု မထင်ခဲ့မိပါ။မြစိမ်း အမှန်တကယ် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးခဲ့မိသည်။

ယခုမူ တန်ကူးသာကြည် မကောင်းလည်း မြစိမ်း ချစ်၏။ကောင်းလည်း ချစ်၏။ဆိုးနေ၊ပေနေလည်း ချစ်ပါသည်။

သို့ပေမယ့် တန်ကူးသာကြည် မာနကြီးပုံမျိုးနဲ့ ...

' တို့ ကိုးကွယ်တဲ့ကျောင်းထိုင်ဘုန်းဘုန်းက ယတြာတွေကောင်းတယ် ကလေးငယ်ရဲ့။မင်းလည်း စာမေးပွဲ‌နီး‌ပြီလေ။ဆောင်ရန် ရှောင်ရန်တွေ မေးရအောင် မင်းရဲ့မွေးနေ့၊မွေးရက် တို့ကိုပြောပြပါလား '

' စိမ်း ယတြာတွေယုံတယ်ပေါ့ '

' ယုံတယ်လို့လည်း မဟုတ်ပါဘူး။အင်း ဒါပေမယ့်
မင်းကိုတော့ မတော်တဆအဖြစ်နဲ့တောင် တစ်ခုခုချွတ်ချော်မသွားစေချင်ဘူး။ဆယ်တန်းက နတ်ကြီးတယ်  '

' ၁၉၇၂ခုနှစ်ဖွား၊ဖေဖော်ဝါရီ ၁၂ရက်။နေ့နာမ်က စနေ '

တန်ကူးသာကြည် အကြောတင်းတာလည်း မဆိုနဲ့။နေ့နာမ်ကိုက စနေတဲ့လား။သည်တစ်ခါ မငယ် ရွှေတိဂုံဘုရား သွားရင် မြစိမ်းကိုယ်တိုင် လိုက်ပြီး စနေဒေါင့်မှာ ရေချမ်းကပ်လှူမှပါ။

မြစိမ်း ပို့သတဲ့ မေတ္တာဓာတ်ကလေးကြောင့် ကလေးငယ်ရဲ့စိတ်အယဥ်လည်း ရေလို အေးမြပါစေ။

' မင်းသိလား တန်ကူးသာကြည်။စနေနာမ်တွေက သိပ်ခိုက်တတ်တာ '

' ဘာဖြစ်လို့လဲ '

' တို့နှလုံးသားကို စနေနာမ်လေးက အပိုင်ယူသွားလို့ '

' စိမ်း!!!! '

' တန်ကူးသာကြည်ရဲ့စိမ်း ပါဆို '

' အန်တီ!!! '

ဖုန်းတစ်ဖက်မှ တန်ကူးသာကြည်၏ အကဲဆတ်ဆတ်အသံနက်ကလေးကို ကြားလိုက်ရသဖြင့် မြစိမ်း၏နှုတ်ခမ်းထောင့်စွန်းကလေး  ကော့တက်သွားကာ ပါးခွက်သေးသေးလေးနှစ်ခုက လက်ကနဲ ပေါ်လာသည်။

စိမ်း ( Green )Where stories live. Discover now