တနင်္ဂနွနေ့ ဖြစ်သည်မို့ ဒီနေ့ ပွဲရုံပိတ်၏။မေညိုအပါအဝင် မငယ်နဲ့အတူ မနက်ကပဲ မြစိမ်း ရွှေတိဂုံကို ရောက်ခဲ့ပြီးပြီ။စနေထောင့်မှာ ကလေးငယ်အတွက် သက်စေ့ရေချမ်းကပ်လှူခဲ့သည့်အပြင် ငါးစာကျွေး၊ခိုပါလွှတ်လိုက်သေး၏။
ဘုရားကအပြန် မြစိမ်းတို့ကိုးကွယ်သည့် ဆရာတော်ကြီးရှိရာ ဘုန်းကြီးကျောင်းကိုဝင်ခဲ့ကြသည်။သည်ကျောင်းကို ယခင်က ဖေဖေက မ တည်ခဲ့ပြီး ယခုမူ မြစိမ်းတို့မောင်နှမတွေက ပြန်လည်ပြုပြင်ထားကြသည်။
" ဒါကာမလေး မြစိမ်းပါလား။မလာတာ ကြာပါပေါ့လား "
ဆရာတော်ကြီးက မြစိမ်းကိုမြင်တော့ ဝမ်းသာအားရကြိုဆိုသည်။သို့သော် ဆရာဝောာ်ကြီးတွင် သွားအစုံမရှိဝောာ့သဖြင့် သြားၾကားထဲမွ လေတိုး
သံကြောင့် စကားမပီဖြစ်နေသည်။မြစိမ်း မေမေနဲ့ဖေဖေ့လက်ထက်ကတည်းက ကိုးကွယ်သည့် ဆရာတော်ကြီးပေမို့ အသက်အရွယ်ကတော့ အိုမင်းနေပြီ။မြစိမ်းကို အတော်လည်း သံယောဇဉ်ရှိ၏။
ကပ္ပိယကြီးထံ မြစိမ်းတို့ ဝယ်လာသည့် ပစ္စည်းပစ္စယအနည်းငယ်နှင့် အာဟာရဖြည့်စွက်စာများကို လက်လွှဲပေးပြီး ဘုရားကို အရင်ဦးခိုက်၏။ထို့နောက် ဆရာတော်ကြီးကို လက်အုပ်ချီ၍ ဦးသုံးကြိမ်ချသည်။
" တပည့်တော်မ အလုပ်တွေနဲ့မအားဖြစ်နေလို့ပါ ဘုရား။ဆရာတော်ဘုရားရော နေကောင်းပါရဲ့လား "
" ကျန်းမာရေးကတော့ ဒီလိုပါပဲ။ကောင်းတစ်လှည့် ဆိုးတစ်လှည့်ပေါ့။ဒါနဲ့ ဒီဖက်က ဒါကာကိုကိုလေးရဲ့အမျိုးသမီးလား "
" တင်ပါ့ ဘုရား။ဒါ ကိုလေးရဲ့အမျိုးသမီးပါ။နာမည်က မေညို လို့ခေါ်ပါတယ် "
ကိုလေးတို့ မင်္ဂလာဆွမ်းကျွေးတုန်းက ဆရာတော်ကြီး၏ကျန်းမာရေးကြောင့် အိမ်သို့ မပင့်ခဲ့ရ။တစ်ခြားသံဃာတော်များကိုသာ ပင့်ဖိတ်ခဲ့ရသော်လည်း ကျောင်းကိုတော့ ဆွမ်းချိုင့်ပို့ခဲ့သည်။ထို့ကြောင့် ဆရာဝောာ်ကြီးက မေညို့ကို ခပ်စိမ်းစိမ်းဖြစ်နေ၏။
" မေညိုက ရင်သွေးလေးရှိနေပါပြီ။မွေးဖို့ လိုပါသေးပေမယ့် တပည့်တော်တို့က ကလေးအတွက် နေ့ကောင်းရက်မြတ်လေးရွေးပေးစေချင်လို့ပါ ဘုရား "
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "