မြစိမ်းတို့ ရန်ကုန်အိမ်တွင် ကိုကိုကြီး၏အပက်အသက်များ ဝင်ချည်ထွက်ချည်ဖြစ်နေသည်ကို မျက်စိရှုပ်သည်ဟု ထင်ခဲ့သောမြစိမ်းဟာ ယခုမူ ဧည့်သည်မပျက်သော ဧည့်ခန်းထက် လူတစ်ယောက်ပြီးတစ်ယောက်ကို ပါးချိအောင် ပြုံးပြရင်း မမမာ၏မိတ်ဆက်ချီးမွမ်းမှုတွေကြား မနေတတ်ဖြစ်ရသည်။
အမှန်ဆို မြစိမ်းကို စကားနည်းနည်းပြောပြီး အလုပ်များများလုပ်တတ်တဲ့သူမလို့ အနေရိုးသည်။မမမာကို ကြည့်မှ တန်ကူးသာကြည် စကားပြောကောင်းတာ သူ့အမေကို တူပါ့လား ဟု မှတ်ချက်ချရပြန်၏။
" ဒါ ကိုကိုကြီးရဲ့ညီမ မြစိမ်းလေ။နှစ်အိမ့်တစ်အိမ်ဖြစ်နေဝောာ့ မာမာ့ညီမဆိုလည်း မမှားပါဘူး။ရန်ကုန်ကနေ ဒီကိုအလည်လာတာ။ကိုကိုကြီးရဲ့ လုပ်ငန်းတွေသည်လောက်များတာတောင် စိမ်းက တစ်ချက်လှည့်ကြည့်တာမဟုတ်ဘူး။သူ့ပွဲရုံမှ သူ့ပွဲရုံဖြစ်နေရော... "
" စိမ်းကိုကြည့်ရတာ ခပ်အေးအေးပုံစံလေးနော်။မြင်ရတာ အေးချမ်းတာပဲ "
" ကျွန်မက ဒီလိုပဲနေတတ်လို့ပါ "
ကျွန်တော်၊ကျွန်တော် ဟု ပြောတတ်ကြတဲ့
မန္တလေးသူ၊မန္တလေးသားစစ်စစ်ကြီးတွေကြား ကျွန်မ ဆိုတဲ့အသုံးအနှုန်းက အရမ်းများစိမ်းသက်သွားတယ် ထင်ပါရဲ့ မြစိမ်းကို ကြည့်နေလိုက်တာ တအံ့တဩ။မတတ်နိုင်ဘူးလေ။မန္တလေးသူဖြစ်တဲ့
မေမေ့သွေးတစ်ဝက်ပါသော်လည်း မြစိမ်းမှ သူတို့လို ' ကျွန်တော် ' လို့ မပြောတတ်ဘဲ။ခက်ပါ၏။ထိုအချိန်မှ တိုက်တိုက်ဆိုင်ဆိုင် တန်ကူးသာကြည်ကလည်း ပိတောက်ခြောက်ရောင်ဝမ်းဆက်ကိုမှ ခါးတိုလက်ပြတ်၊ထဘီခြေမျက်စိအတိဖြင့် ခြေကျင်းဝတ်မှ ရွှေခြေကျင်းကလည်း တစ်မျိုးပြောင်းထားပြန်သည်။မျက်နှာတွင် သနပ်ခါးမလိမ်းထားသော်လည်း နှုတ်ခမ်းနီပါးပါးနဲ့ ရွှေဘိုသနပ်မွှေးနံ့တို့က သင်းနေ၏။ကြည့်ရတာ အပြင်သွားမည့်ပုံ။လက်ထဲမှာ ထီးတစ်ချောင်းလည်း ကိုင်ထားသေးသည်။
ပြောရင်လည်း မြစိမ်းကပဲ ပိုတယ်ဖြစ်ဦးမည်။တန်ကူးသာကြည်ရဲ့မျက်နှာ၊ကိုယ်လုံးကိုယ်ပေါက်က ဘာမှမပြင်မဆင်ဘဲနဲ့တောင် မင်းသမီးရှုံးအောင် လှသည်။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "