ဗိုလ်ချုပ်ဈေးထဲရောက်သော် ကားကို ကားရပ်နားစတင်းမှာ အပ်ခဲ့သည်။လမ်းဘေးမှာ ဖြစ်သလိုကပ်ရပ်လို့မရ။အခုရက်ပိုင်း ကားမီးသီးများ၊ကားဘီးများကို ဖြုတ်ပြီး အောက်ဈေးမှာ
ခိုးရောင်းစားသူများရှိနေသည်။မငယ်တို့ ဦးဆုံးခြေဦးလှည့်သည်က အထည်တန်း စက်ချုပ်ဆိုင်ဘက်ပင်။မူလရည်ရွယ်ချက်ကလည်း မေညို့အတွက်အဝတ်အစားဝယ်ပေးဖို့တင် ဖြစ်သည်။
" မငယ် မေညို့ကို မငယ်ပဲခေါ်သွားလိုက်တော့ "
" ဘာဖြစ်လို့လဲ မမစိမ်း "
မငယ်က မေးခွန်းပြန်ထုတ်သည်။တကယ်ဆို မမစိမ်းက မငယ်ထပ် ပိုပြီးဝယ်တတ်ခြမ်းတတ်သည်။မမစိမ်းက အရောင်နုအစပ်အဟပ်အတည့်လည်း ရွေးတတ်၏။မမစိမ်းကို ကြည့်ရင် အမြဲကို လှနေရော၊မငယ်နဲ့စတွေ့ကာစ တစ်ဆယ့်ခြောက်နှစ်အရွယ်ဆယ်တန်းကျောင်းသူလေးအတိုင်းပင် မပြောင်းလဲပါ။
မငယ်သိသလောက် မမစိမ်းဟာ ကိုယ့်ကိုကိုယ် စိတ်ချမ်းသာအောင် နေသည်။စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာတယ် ဆိုတဲ့အတိုင်း မမစိမ်းရဲ့မျက်နှာဝိုင်းလေးဆို ရွှင်လန်းနေမြဲ။မမစိမ်းသည် မငယ်ရဲ့အမဆိုလည်း ဟုတ်၏။အမေဆိုလည်း ဟုတ်၏။
" စိမ်း သူ့ကို နို့အေးမလိုင် ဝယ်တိုက်မလို့ "
မျက်စပစ်ပြသည်က အကြောတင်းတင်းမန္တလေးသူထံ။မငယ်လည်း သူ့အမ၏ တန်ကူးသာကြည်အပေါ်အဖြစ်သည်းပုံကို တော်တော်လေးဩချယူပါသည်။
မမစိမ်းလည်း မချစ်တော့မချစ်လို့...
ဟော ချစ်မိပြန်တော့လည်း မျက်နှာပင်အညှိုးမခံနိုင်။ကားပေါ်မှာလည်းတန်ကူးသာကြည်ကို အရိပ်တကြည့်ကြည့်လုပ်နေတာ မငယ်မြင်ပါ့။" လာ ဟိုတစ်ယောက် သွားမယ် "
" ဘာလုပ်ဖို့လဲ "
" မင်းကို ရောင်းစားဖို့ "
" စိမ်းလား ကျွန်တော့်ကို ရောင်းစားရက်မှာ "
မြစိမ်းတို့ နို့အေးမလိုင်ကောင်းသည့် အသီးအအေးအစုံရသော ဆိုင်ထဲသို့ ဝင်ထိုင်သည်။ဆိုင်က ခမ်းခမ်းနားနာနဲ့မဟုတ်ဘဲ လမ်းဘေးမှာ ခုံနဲ့စားပွဲနဲ့ ထိုင်စားရတာပင်။သို့သော် သပ်သပ်ရပ်ရပ်ရှိပြီး သန့်ရှင်းသည်။ပေးရတဲ့ဈေးလည်း မများဘဲ သည်ဆိုင်က လက်ရာကောင်းသည်။မလိုင်ဖက်တွေဆို ချိုစိမ့်နေရော။တန်ကူးသာကြည် အကြိုက်တွေ့မှာ သေချာပါသည်။
YOU ARE READING
စိမ်း ( Green )
Romance" တို့နာမည် မြစိမ်းပါ။မင်း တို့ကို အန်တီစိမ်းလို့ခေါ်လို့ရတယ် " " ဟုတ်ကဲ့ အန်တီ " " အန်တီစိမ်းပါ။အန်တီ မဟုတ်ဘူး " " နာမည်ကြီးထည့်မခေါ်ချင်ပါဘူး " " ဘာဖြစ်လို့ .. " " အန်တီ ကျွန်တော့်ကို စိမ်းကားသွားမှာဆိုးလို့ "