အပိုင်း-(၂)

485 32 7
                                    

Unicode

ညနေခင်းနေမဝင်မှီပုစွန်ဆီရောင်သမ်းနေသောကောင်းကင်နှင့်အပြိုင် ခြံဝင်းကျယ်ကျယ်နဲ့တဖိတ်ဖိတ်တောက်ပနေသောစံအိမ်ကြီး...ထိုစံအိမ်ကြီးရဲ့တတိယထပ်ဝရံတာတွင်နက်‌‌ဆွေးနေသောပုံရိပ်တစ်ခု။

အတိကျပြောရလျှင် လက်‌ရမ်းတန်း‌ပေါ်တွင်လက်တစ်ဖက်တင်လျက်၊ ကျန်လက်တစ်ဖက်ဖြင့်‌‌ cigarettes တစ်လိပ် အားဟန်ပါပါသောက်‌နေသည့်လူငယ်တစ်ယောက်။ shirt လက်ရှည်အနက်ရောင်ကိုတံတောင်ဆစ်နေရာအထိခေါက်ထားပြီးရင်ဘတ်ကကြယ်သီး 3 လုံးလောက်ဖြုတ်ထားကာ style pant အနက်နှင့်တွဲဝတ်ထားသူသည်မြင်သူတကာအကြည့်မလွှဲနိုင်အောင်အရှိန်အဝါတွေထင်းထွက်နေတာပင်။

လက်ဖျံကတောင့်တင်းနေတဲ့သွေးကြောတွေမှာလည်းရင်သက်ရှုမောဖွယ်၊ အနက်ရောင်ဆံပင်တွေကိုမကျဉ်းမကျယ်ခပ်‌ပြေ‌ပြေနှဖူးပေါ်အောင်လှန်တင်ထားပြီး‌တစ်ဖက်တွင်နဖူးပေါ်အနည်းငယ်ဝေ့ကျနေသည်၊ခြောက်ပေကျော်သောအရပ်အမောင်းနှင့်ထိုသူဟာသိပ်ကိုကြည့်ကောင်းပြီးဆွဲဆောင်မှုရှိလွန်းပါသည်။

နက်မှောင်ထူထဲနေသောမျက်ခုံးထူထူအောက်ကဗာဒန်စေ့သဖွယ်မျက်ဝန်းညိုတစ်စုံဟာစူးရှပြီးငြို့ငင်အားပြင်နေသည်မှာဝံပုလွေတစ်ကောင်လိုအသွင်ပြင်မျိုးပင်။

ဖြောင့်တန်းသွယ်လှနေသောနှာတံရဲ့အဆုံးသပ်တွင်ခပ်လုံးလုံးနှာထိပ်လေး၊ ခက်ထန်နေသည့်မျက်နှာနှင့်ဆန့်ကျင်စွာ မရယ်မပြုံးနဲ့တင်းတင်းစေ့ထားသည့်နှုတ်ခမ်းထူထူတစ်စုံက နှင်းဆီပွင့်လေးလိုနူးညံနေပြီးထိတွေ့မိလိုက်ရင်ဂျယ်လီတုံးလေးတစ်ခုလိုနူးညံ့ချိုမြိန်နေမှာသေချာသည်။

မေရိုးတစ်လျှောက်ရူးသွပ်ပစ်ချင်စရာအတိနှင့်သိသိသာသာထင်းထွက်နေသောလည်စလုပ်မှာလည်းကျရှုံးချင်စရာ...နတ်သားတစ်ပါးအသွင်ကိုယူဆောင်နေပြီးသည်‌လောက်တော်ဝင်ဆန်ပြီးပြည့်စုံနေတဲ့အမျိုး‌ကောင်းသားလေးကိုပိုင်ဆိုင်ရမည့်သူဟာမည်မျှကံကောင်းလိုက်ပါဘိ။ထိုလူရဲ့အသွင်အပြင်ကလက်ရာပြောင်မြောက်လှပြီးတော်ဝင်ဆန်သည့်နန်းတွင်းပန်းချီကားတစ်ချပ်နှင့်ပင်တူလေသည်။

နွေဦးပုံပြင်Where stories live. Discover now