အပိုင်း -(၁၃)

203 15 5
                                    

Unicode

"‌အဖွား နေရတာဘယ်လိုလဲ၊သက်သာရဲ့လား"

ဒီနေ့က နွေဦး Round လှည့်ရင်းနဲ့တစ်ခန်းချင်းစီတိုင်းကလူနာတွေကိုလိုက်ကြည့်ပေးနေတာဖြစ်သည်။ တစ်ပတ်မှာ2ရက်လောက်တော့သူ round လှည့်ဖြစ်ပါသည်။ ထိုအချိန်ကျရင်ဟောက်ဆာဂျင်တွေလည်း အနောက်ကနေလိုက်ကြရပါသည်။ Round လှည့်တဲ့အခါလိုက်ကြည့်ရင်ဆရာဝန်နဲ့လူနာရောဂါအကြောင်းဆွေးနွေးသည့်အခါတွေမှာ သေချာ‌နားထောင်ပြီးယူတတ်မယ်ဆိုရင် ပညာတွေအများကြီးကိုတစ်ချိန်ထဲနှင့်ရတာဖြစ်သည်။

နွေဦးတို့ဟောက်ဆာဂျင်ဘဝတုန်းကဤသို့ပင်။ဆရာဝန်ကြီးတွေ Round လှည့်မယ်ဆိုဘယ်လိုနည်းနဲ့မဆိုရအောင်ကိုလိုက်ကြတာဖြစ်သည်။ အဲ...ဒါပေမယ့် အပေါက်ဆိုးဆိုးဆူပူကြိမ်းမောင်းတတ်တဲ့စီနီယာ‌တွေ Round လှည့်ရင်တော့သူတို့ဘယ်သူမှမလိုက်ချင်ကြတာတော့အမှန်။ အဲ့အချိန်ကြရင်တော့ အချင်းချင်း "မင်းလိုက်သွားလိုက်" ဆိုကိုပါးစပ်ကမချတော့ဘူး။

"တစ်ချက်၊တစ်ချက်ခေါင်းတော့ကိုက်တယ်ဆရာရယ်၊ဘာလို့ခေါင်းကကိုက်ရတာလဲ"

"ခေါင်းကိုက်စေတဲ့ အကြောင်းအရင်းကတော့အများကြီးပါပဲအဖွားရဲ့။ ဒါပေမယ့် သိထားဖို့ကခေါင်းကိုက်စေတာ ရောဂါမဟုတ်ပဲ လက္ခဏာသပ်သပ်တာဖြစ်တယ်ဆိုတာကိုပါ။ ခေါင်းကိုက်တာကခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုခု၊ ဒါမှမဟုတ် အာရုံကြောစနစ်တစ်ခုခုက မူမမှန်ပဲဖောက်ပြန်နေတယ်ဆိုတာကို သတိပေးတဲ့နည်းလမ်းတစ်မျိုးပါပဲဗျ။ ခန္ဓာကိုယ် ဒါမှမဟုတ် အာရုံကြောစနစ်မှာပြဿနာတစ်ခုခုဖြစ်နေရင် အလိုလိုနေရင်းခေါင်းကိုက်လာတတ်ပါတယ်။ နောက်တစ်ခုက လည်ပင်း၊လည်ဂုတ်မှာရှိတဲ့ကြွက်သားတွေနဲ့ ဦးခေါင်းနားမှာရှိတဲ့ကြွက်သားတွေ တောင့်လာတဲ့အခါမှာလည်းခေါင်းကိုက်တတ်ပါတယ်။ ဒါ့အပြင်စိတ်ဖိစီးမှု၊ဒေါသထွက်မှု၊ဝမ်းနည်းမှု စတဲ့စိတ်ခံစားချက်တွေခံစားရတဲ့အခါမှာလည်း ကျောပြင်၊ခေါင်းအောက်၊လည်ပင်း၊ပခုံးရှိကြွက်သားတွေကတောင့်တင်းလာပြီး ခေါင်းကိုက်တတ်ပါတယ်"

"ဒါဆို သက်သာသွားအောင်ဘယ်လိုလုပ်ရမလဲဆရာ"

"ဘာကြောင့်ပဲခေါင်းကိုက်ကိုက် အနားယူပြီးအကိုက်ခဲပျောက်ဆေးသောက်ပေးမယ်ဆိုရင်တော့ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် အကိုက်ခဲပျောက်ဆေးကိုလည်းအတိုင်းထက်အလွန်အမြဲတမ်းတော့ မှီဝဲနေဖို့မသင့်တော်ဘူးဗျ။ ကြာလာရင်ကျောက်ကပ်မှာပြဿနာရှိနိုင်တယ်၊ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုသလိုပေါ့ဗျာ"

နွေဦးပုံပြင်Where stories live. Discover now