အပိုင်း -(၈)

241 15 0
                                    

Unicode

နွေဦး condo မှာသည်နေ့ Ward ထဲကသူတို့အဖွဲ့မုန့်လုပ်စားဖို့စီစဉ်ထားကြသည်။ ဂျုတီ off ကျတာမလို့အပြင်သွားရတာသိပ်သဘောမကျတဲ့နွေဦးကအိမ်မှာပဲမုန့်လုပ်စားရန်အကြံပေးတော့အကုန်လုံးကသဘောတူကြပါသည်၊သူတို့ပေါင်းလို့သင်းလို့ရတာကလည်းသည်လိုငြှိနှိုင်းရတာအဆင်ပြေလို့ဖြစ်မည်၊မဟုတ်ရင်တစ်ယောက်တစ်ပေါက်နဲ့ဘယ်လိုမှကီးကိုက်တော့မှာမဟုတ်ဘူး။

အခုအကုန်လုံးနွေဦး condo ကိုရောက်နေကြပြီးစတင်စီမံခန့်ခွဲဖို့လုပ်ကြသည်။

"လိုအပ်တဲ့ပစ္စည်းတွေကိုဘယ်သူသွားဝယ်မလဲ"

စန္ဒီ ကစပြီးမေးတော့အကုန်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြန်သည်၊နွေဦးတို့အဖွဲ့ထဲမှာ စန္ဒီကနွေဦးလိုပဲစကားမနည်းမများနဲ့ကန့်လန့်၊ မမေဖူးနွယ်ကတော့အနေအေးတဲ့အထဲမပါသူဖြစ်လို့နွေဦးတို့နဲ့ဆိုပေါ့ပေါ့ပါးပါးရွယ်တူသူငယ်ချင်းတွေလိုပေါင်းလို့ရတယ်၊အဲ....ဒါပေမယ့်လွင်မိုးနိုင်ကတော့အနေအေးတယ်၊မမေဖူးနဲ့အသက်တူ နွေဦးတို့စီနီယာဆိုပေမယ့်ရွယ်တူတွေလိုသာအနေမခက်အောင်သူကပြောဆိုဆက်ဆံခိုင်းသည်။

ဒီအချက်ကြောင့်လဲသူတို့ကရွယ်တူတွေလိုအဆင်ပြေပါသည်၊လွင်မိုးနိုင်ကနွေဦးထက်3 နှစ်ကြီးပြီး 30‌ကျော်နေတဲ့လူပျိုကြီး၊အနေအေးသလိုလေးစားပြီးရှိန်ချင်စရာလူမျိုးပင်

သူရိန်က‌တော့ ဟောက်ဆာဂျင်ဆင်း‌နေဆဲအငယ်ဆုံးဖြစ်သလိုစကားများပြီးသွက်သည်၊နွေဦးတို့ကိုဆို ပေါ့ပေါ့ပါးပါး ပြောဆိုရင်းနှီးပေမယ့်လွင်မိုးနိုင်ကိုတော့သူရိန်ကကြောက်ပါသည်၊ ဟိုကသူ့ကိုဘာမှမလုပ်ထားပေမယ့်ရုပ်တည်ကြီးနဲ့ရှိန်ချင်စရာကောင်းတာကြောင့်ရောအသက်ရွယ်အရကွာတာကြောင့်ရောကြောက်ပါသည်တဲ့ရင်းရင်းနှီးနှီးမပြောရဲ

"ငါသွားဝယ်ပေးမယ်"

လွင်မိုးနိုင်ကထပြောတော့အကုန်လုံးခေါင်းငြိမ့်လက်ခံလိုက်ကြသည်၊နွေဦးကတော့24နာရီအိမ်တွင်းအောင်းချင်သူမလို့အပြင်ထွက်ရမှာသူ့အတွက်အလွန်ခက်ခဲပါသည်။

နွေဦးပုံပြင်Where stories live. Discover now