အပိုင်း -(၃၀)

202 7 14
                                    

Unicode

"ဘယ်သွားမှာလဲ"

"ဟီးဟီး ညဈေးတန်းလျှောက်ကြမယ်လေ"

ကားပေါ်တက်တက်လာချင်းမေးလာသည့်သူကြောင့်အဖြေပြန်ပေးမိတော့မျက်ခုံးတွေဟာတွန့်ကွေးကုန်သည်။

"ဒီနေ့ Christmas ဆိုတော့ညဈေးတန်းကလူရှုပ်ကရှုပ်နဲ့"

ညဈေးတန်းကနေ့တိုင်းလူရှုပ်တာကိုသူမသွားချင်တိုင်းသက်သက်မဲ့ဆင်ခြေပေးတာဖြစ်သည်။အတိုင်းထက်အလွန်ရင်းနှီးလာ‌သည့်ဆက်ဆံရေးတွင်အစ်ကိုဟာလူရှုပ်တဲ့နေရာတွေကိုသွားရတာမကြိုက်မှန်း သူရိန်မှူးသိခဲ့ပါသည်။ တစ်ခါတလေကျရင် နှစ်ယောက်သားအပြင်ထွက်လာပြီး မုန့်တွေဝယ်ကာ ကားပေါ်မှာသာထိုင်နေရင်းအချိန်တွေကုန်ခဲ့ကြသည်။ ဒီနေ့တော့ သူရိန်မှူးဆိုးချင်လာသည်။

အနည်းငယ်ကြာလာသော ချစ်သူသက်တမ်းအရသူရိန်မှူးဟာ အစ်ကို့အပေါ်မှာ ဆိုးရဲလာသည်၊ဂျစ်တိုက်ရဲလာသည်၊ တခါတလေ အလိုမလိုက်တဲ့အခါတွေမှာလည်းစိတ်ဆိုး၊စိတ်ကောက်ရဲလာသည်။ ပြောမရအောင်ဂျစ်တိုက်လွန်းတဲ့အခါကျရင်တော့အစ်ကိုက  "အလိုလိုက်တာများသွားပြီထင်တယ်" ဟုပြောသည်။ အဲ့လိုပြောလို့ပိုစိတ်ကောက်ရင်လူကိုအသည်းယားဟန်နဲ့ဆံပင်တွေဆွဲဖွပစ်တာလည်းအကြိမ်ကြိမ်။

"ဒီလိုနေ့မှ ညဈေးတန်းသွားရတာပျော်စရာကောင်းတာကို"

တစ်ခွန်းကနေနှစ်ခွန်းလောက်အထိအထွန့်တက်လိုက်တော့ဘာမှထပ်မပြောတော့ပဲကြည်ကြည်ဖြူဖြူနဲ့လိုက်လျောပါသည်။ မအားလပ်တဲ့တာဝန်ရာထူးတွေကြားရှားရှားပါးပါးဒိတ်တိုင်းစိတ်မကွက်လေအောင် အစ်ကိုကတာဝန်ယူကာ ကောင်းမွန်သည့်အမှတ်တရတွေပဲဖြစ်အောင်ဖန်တီးပေးသည်။ဒီလိုနဲ့သူတို့ဦးတည်လာကြတာဟာ ရန်ကုန်ရဲ့အစည်ကားဆုံးနဲ့လူအရှုပ်ဆုံးဖြစ်တဲ့လှည်းတန်းညဈေးသည်တွေဆီသို့ပင်။

"မှူး တစ်ခုဆိုတစ်ခုဟုတ်တိပတ်တိသေချာဗိုက်ဝအောင်စားတော့၊ ဟိုဆက်ဆက်ဒီဆက်ဆက်နဲ့"

ဘယ်လိုပဲအလိုလိုက်တယ်ဆိုဆို အဲ့လူကြီးကသူ့ထုံးစံအတိုင်းနည်းနည်းများများတော့ဆူငေါက်လိုက်ရမှကျေနပ်နေသည်။အခုလည်း လှည်းတန်းကဈေးတန်းတစ်လျှောက်တွေ့ကရာ hotdog စားလိုက်၊ပြောင်းဖူးလက်ဖက်လေးစားလိုက်၊ကျောက်ကျောဖျော်ရည်သောက်လိုက်နဲ့ ဘေးကလူကြီးလက်ထဲမှာလည်းမုန့်ထုတ်တွေ နဲ့အအေးဗူးကကိုင်ထားပေးရသေးသည်။

နွေဦးပုံပြင်Where stories live. Discover now