အပိုင်း -(၄)

389 25 15
                                    

Unicode

ဘုန်းခန့် condo ကိုပြန်ရောက်တော့ညမိုးချုပ်နေပြီ။ ချက်ဖို့ပြုတ်ဖို့လည်း စိတ်မပါတာမို့ ညစာကိုအပြင်မှာသာထွက်စားရတော့မယ်။ရေချိုးအဝတ်စားလဲပြီးအခန်းပြင်ကိုထွက်လာတော့မျက်နှာချင်းဆိုင် အခန်းရှေ့မှတံခါးကိုဖွင့်နေသောရင်းနှီးနေတဲ့ကျောပြင်‌လေးတစ်ခု။ ပုံမှန်အတိုင်းသာဆို ကျော်သွားလိုက်မှာဖြစ်ပေမယ့်သူမြင်နေရတဲ့လူက အညိုရောင်ဆံပင်ကောက်တွေလေးရယ်ဂျူတီကုတ်နဲ့ဆိုတော့ဟိုဒေါက်တာများလား။

ဘုန်းခန့်စိတ်လှုပ်ရှားလာရသည်။အဲသည့်လူကိုတွေးမိတိုင်းဖြစ်ပေါ်လာတဲ့ခံစားချက်ကဘာကြီးလဲ...တကယ်သာ‌နေ့လည်ကဝင်တိုက်ခဲ့မိတဲ့ဒေါက်တာဟုတ်ခဲ့ရင်။

"ဟို ဒီမှာ"

"ဗျာ"

အရဲစွန့်ကာခေါ်လိုက်တော့ နောက်လှည့်ကြည့်လာတဲ့မျက်နှာလေးကသူထင်နေတဲ့သူဖြစ်ကြောင်းအတည်ပြုပေးလိုက်သည်နှယ့်သေချာပေါက်ဒေါက်တာပဲ၊ဒါဆိုဒေါက်တာကသူနဲ့အိမ်နီးချင်းလား။

"ညနေကဝင်တိုက်ခဲ့မိတဲ့ ဒေါက်တာနွေဦးထည်ဝါမဟုတ်လား"

"ဘယ်သူလဲမသိဘူးဗျ။ကျွန်တော့်ကိုသိတာလား"

"ညနေကဆေးရုံမှာ ဝင်တိုက်ခဲ့မိကြတယ်လေ"

ဒေါက်တာကမှတ်မိပုံမပေါ်။စဉ်းစားနေဟန်သူ့မျက်လုံးဝ်ိုင်းလေးတွေကိုအပေါ်သို့ကြည့်ကာအလုပ်‌ပေးနေသည်၊ condo မီးအဝါရောင်ဖျော့‌ဖျော့အောက်တွင်သေချာကြည့်ရင်ဒေါက်တာ့အသားရည်လေးကကြည်ပြီးဖြူဖြူလေးရယ်၊ အရပ်ကတော့သူနဲ့တူတူလောက်ပဲဆိုပေမယ့်သူ့ထက်တောင်အနည်းငယ်ပိုရှည်မည့်ပုံ။

"အာ မှတ်မိပြီဗျ။ နေ့လည်ကကျွန်တော်လည်းအလျင်လိုနေတာမို့sorryပါဗျာ"

နွေဦး အမှန်တကယ်စိတ်ရင်းနဲ့တောင်းပန်လိုက်သည်။နေ့လယ်ကအလျင်လိုနေတာမို့သေချာမတောင်းပန်ခဲ့ရပေ၊တစ်ဖက်သူလည်းနာသွားမှာပဲကို။

"ရပါတယ် မတော်တဆပဲဖြစ်တတ်ပါတယ်"

"ဟုတ်ကဲ့ခင်ဗျ"

ဒေါက်တာကဖြေပြီးတာနဲ့ သူ့အခန်းသူဝင်ဖို့လုပ်နေတာမို့အမြန်လှမ်းထားလိုက်ရပြန်သည်။သူ့နာမည်ကိုမိတ်မဆက်ရသေးဘူးမဟုတ်လား၊အိမ်နီးချင်းတွေပဲသိထားသင့်တာပေါ့။

နွေဦးပုံပြင်Where stories live. Discover now