အပိုင်း -(၆)

283 20 3
                                    

Unicode

ဘုန်းခန့် ဒေါက်တာတို့နှင့် တွေ့တဲ့နေ့ကအိမ်ပြန်ရောက်တော့အခန်းကိုမဝင်သေးပဲဒေါက်တာ့ဆီကိုဆေးလိုက်ယူရပါသေးသည်။ အစပ်တွေအများကြီးစားထားလို့အစာအိမ်မှာပြသနာတစ်စုံတစ်ခုဖြစ်နိုင်သည်ဟုဒေါက်တာကဆို၍သူဆေးသောက်လိုက်ပါသည်။ အဲ့နေ့ကအခန်းပြန်ရောက်ပြီခဏနားကာသူအဖိုးဆီကိုသွားဖြစ်သေးသည်။အဖိုးအား "ဒေါက်တာနွေဦးထည်ဝါကိုသိလား" ဟူ၍ပင်မမေးခဲ့ရပါ၊သဘက်ခါပြန်လာမည်ဟုကတိတဖွဖွပေးပြီးသာပြန်ခဲ့ရသည်။အဲ့နေ့ပြီးထဲကဒေါက်တာ့ကိုမတွေ့ဖြစ်တော့ပါ၊ဒါကြောင့်လည်းတွေ့လိုရငြားအဖိုးဆေးရုံကိုသာသွားရန်ဆုံးဖြတ်ပြီးထွက်လာခဲ့သည်။

"သဘက်ခါမှလာမယ်ဆို"

ဆေးရုံရောက်ရောက်ချင်းအဖိုးဆီကသည်စကားထွက်လာပါသည်။ မျက်နှာချင်းဆိုင်အခန်းမှာနေသော်လည်းဒီနေ့မျက်နှာလေးတောင်မတွေ့ရသေးတော့အဖိုးရှိရာဆေးရုံကိုသာလာရတာပေါ့။

"ဒီနေ့အဖိုးကိုတွေ့ချင်တာကို လာလို့မရဘူးလား"

မုသားမပါလင်္ကာမချောဆိုသည့်အတိုင်းသူ့မှာချောလဲရောထိုင်လုပ်ရပါသေးသည်။အဖိုးကတော့ယုံသည့်ပုံမပေါ်ပါ၊ သေချာပေါက်ဘယ်ယုံမလဲ၊ ကြည့်လာတဲ့အကြည့်တွေကိုက ဆက်ဘုန်းခန့်ရှိန် ဆိုတဲ့ကျမ်းကိုအရည်ကျိုသောက်ထားသည်နှယ့်။

"ဒါနဲ့အဖိုး ကျွန်တော်မေးမလို့"

"မေး"

"ဒီဆေးရုံကဒေါက်တာနွေဦးထည်ဝါကိုသိလား"

"ဟင် ဘယ်သူ"

"ဒေါက်တာနွေ....."

အဖိုးကမကြားလိုက်တာမို့သူပြန်ပြောနေတုန်းအခန်းတံခါးခေါက်သံကြောင့်ပြောလက်စများရပ်တန့်သွားကာဝင်ခဲ့‌ဖို့ပြောလိုက်ရသည်။

"အဖိုး ကျွန်တော်သွေးလေးဖောက်မယ်နော်"

တံခါးကိုတွန်းပြီးဝင်လာသူကိုမကြည့်ဖြစ်‌ပေမယ့်ကုတင်နားရောက်တော့ရင်းနှီးနေသည့်ထိုအသံ။မော့ကြည််မိလိုက်တာမြင်လိုက်ရတဲ့မျက်နှာကြောင့်အံ့ဩသွားရသည်၊ တစ်မနက်လုံးမြင်ချင်နေရတဲ့မျက်နှာလေးဖြစ်‌နေသည်မို့ရင်ထဲနွေးခနဲ။ ထိုသူကိုတွေ့ချင်လို့သည်ဆေးရုံကိုလာသည် ဆို‌ပေမယ့်ဒီလိုချက်ချင်းကြီးတွေ့ရမယ်လို့မထင်ခဲ့ပါ။

နွေဦးပုံပြင်Where stories live. Discover now