အပိုင်း -(၂၁)

178 7 5
                                    

Unicode

မနက်ခင်းစောစောမှာ ဦးစွာနိုးထလာသည့်သူဟာဘုန်းခန့်ဖြစ်သည်။ ညကဒေါက်တာနဲ့နေရခက်သောအခြေနေကိုကျော်လွှားခဲ့ပြီး
နှစ်ယောက်သားကိုယ်စီအခန်းတွင်းမဝင်ခင်
တစ်ယောက်နှင့်တစ်ယောက်ခံစားချက်များလေးပင်စွာ အကြည့်ချင်းဆုံခဲ့ကြသေး၏။

စက္ကန့်အနည်းငယ်ကြာသည်အထိတံခါးလက်ကိုင်ကို ကိုင်ထား၍ရပ်နေမိကြပြီး ဒေါက်တာဟာ မျက်ဝန်းထဲမျက်ရည်များဝေ့ပြီးသူ့အားတစ်ချက်ပြုံးပြကာအခန်းထဲဝင်သွားသည်။

အပြင်ကတစ်ဖက်တံခါးချပ်နားတွင်ကျန်ခဲ့ရတဲ့သူသည်လည်း ခေါင်းကိုငုံ့ချမိလိုက်တော့ မျက်ရည်တစ်စက်ကကြမ်းပျဉ်ပေါ်ကျသွားသည်ကိုသိလိုက်၏။

ဒီမနက်သူအိမ်ရှေ့ထွက်လာခဲ့တော့ဒေါက်တာ
နဲ့ဦးလေးစိုင်းက အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ရေနွေးခြမ်းခွက်ကိုယ်စီနဲ့ထိုင်ကာစကားပြောနေကြသည်။သူလည်းအနားလျှောက်သွားမိတော့....

"ခန့် နိုးပြီလား။"

ဒေါက်တာကကြည်လင်စွာပဲပြုံးပြရင်းသူ့အားနှုတ်ဆက်သည်။ အရင်ရက်တွေလိုပုံမှန်အတိုင်းသူ့အားပြုံးပြသည်။ မနေ့ညကသူတို့ကြားဘာမှမဖြစ်ခဲ့သည့်အတိုင်း။ ဒီအခြေနေကိုဘုန်းခန့်တုန်လှုပ်လာမိသည်။ ညကဖွင့်ပြောခဲ့သည့်ခံစားချက်တွေကိုလျစ်လျူရှူခံလိုက်ရတာများလား။

အဲ့လိုတော့မဖြစ်နိုင်လောက်ဘူးမဟုတ်လား။ ဒေါက်တာကသူ့ကိုစဉ်းစားဖို့အချိန်ခဏပေးလို့ပြောထားတာပဲ။ အနည်းငယ်ဝေခွဲရခက်သွားသောမျက်နှာနဲ့ဒေါက်တာ့အနားဝင်ထိုင်လိုက်သည်။

ခဏကြာတော့ အကုန်လုံးအိပ်ရာနိုးကြပြီထင်တယ်။ အိမ်ရှေ့ကိုရောက်လာတဲ့4ယောက်ကိုကြည့်ပြီးနွေဦးက...

"ဒီနေ့က ဟိုဖက်နားမှာလူစုထားတယ်တဲ့။
ငါတို့ကိုမေးချင်တာလေးတွေလည်းရှိသလို
ငါတို့ကြည့်ပေးရမယ့်လူနာတွေလည်းရှိတယ်။ တစ်နေရာစီခွဲသွားကြမယ်။ ဦးလေးစိုင်းကဆိုင်ကယ်စီစဉ်ပေးထားတယ်"

အရှေ့တွေရပ်ထားသောဆိုင်ကယ်သုံးစီးကိုကြည့်ရင်းသူတို့အကုန်လုံးခေါင်းငြိမ်လိုက်ကြပြီး လိုအပ်တဲ့ဆေးအိတ်များကိုယူကြသည်။
ဆိုင်ကယ်စီးရာတွင် မိန်းကလေးနှစ်ယောက်ဖြစ်သည့် မမေဖူးနွယ်နဲ့ စန္ဒမှာ ဆိုင်ကယ်မောင်းတတ်ကြတာမို့သူတို့နှစ်ယောက်တစ်စီးယူ၏။ ဘုန်းခန့်ကချက်ချင်းပင်ဆိုင်ကယ်တစ်စီးပေါ်ပြေးတက်သွားကာ...

နွေဦးပုံပြင်Where stories live. Discover now