အပိုင်း -(၂၅)

168 5 2
                                    

Song recommend: "ဝန်ခံပါ"

Unicode

"ပစ္စည်းတွေမကျန်ခဲ့စေနဲ့၊သေချာပြန်စစ်ဦး"

အင်းလေးမှာတစ်ညအိပ်ပြီးသူတို့အားလုံးတောင်ကြီးကိုပြန်မှာဖြစ်သည်။ မပြန်ခင်စစ်စရာရှိတာစစ်ပြီးဆိုင်ကယ်နဲ့အသီးသီးခွဲထွက်လာခဲ့ကြသည်။ ညနေစောင်းမှာထွက်လာရခြင်းဟာအင်း‌လေးခေါင်တိုင် ရေပူစမ်း‌တွင်ရေပူဝင်စိမ်ချင်ကြလို့ဖြစ်၏။

အင်းလေးကိုရောက်တိုင်းမဖြစ်မနေတခါလောက်တော့ရေပူစမ်းကိုသွားကြည့်သင့်သည်။ ရာသီဥတုရဲ့အအေးဓာတ်များနေချိန် ရေပူကန်ထဲဝင်စိမ်နေရတဲ့ခံစားချက်ဟာလန်းဆန်းသွားစေပြီး ကိုက်ခဲတာတွေကိုပျောက်ကင်းစေသည်။

"ကျွန်တော်တို့ကဒီထဲဝင်ပြီးအပြုတ်ခံရမှာလား"

သဘာဝရေပူစမ်းဖြစ်သည့်အလျှောက်ရေကန်ထဲကရေတွေကပွက်ပွက်ဆူ‌နေသလိုအငွေ့တွေတစ်ထောင်းထောင်းပင်ထွက်နေသည်။ ဒါကိုကြည့်ပြီးသူရိန်မှူးကပြောလာတာဖြစ်သည်။

"ရာသီဥတုကအေးတာမို့အရမ်းမပူလောက်ပါဘူး။ဝင်စိမ်ကြည့်"

ခန့်ကလည်းမြှောက်ပေးပြန်သည်။တကယ်ဆိုနွေ‌ဦးအခုနကခြေထောက်လေးနှစ်ရုံရှိသေးပူတာကတော့တကယ်ပူတာပင်။ ဟိုဖက်မှာရှိသည့်ကန်တွေဆိုလျှင် ကြက်ဥပါထည့်ပြုတ်၍‌ရသည်ဟုပြောသည်။

"sh*t!! ပူတယ်ဗျ"

ခန့်စကားကိုယုံပြီးခြေထောက်တင်မဟုတ်
ခါးဝက်လောက်အထိကန်ထဲကိုဆင်းချလိုက်သောသူရိန်မှူးမှာမခံမရပ်နိုင်အောင်ပဲကန်ပေါ်ပြန်တက်လာသည်။

"မင်းက ခြေထောက်အရင်စိမ်ကြည့်လေကွာ၊
အဲ့လိုတခါတည်း တစ်ကိုယ်လုံးဝင်စိမ်မှတော့
ပူမှာပေါ့"

ပြောလည်းပြောပြီးနွေဦးကန်ဘောင်တွေထိုင်ကာ‌ခြေထောက်ကိုအရင်ရေထဲချသည်။ပူတာတော့ပူပေမယ့်ထိုအပူနှင့်နေသားကျအောင်အထိခြေထောက်တွေအားရေထဲနှစ်ထားမိသည်။

နေဝင်သွားပြီမို့မီးအလင်းရောင်သာထွန်းပေးထားကြသည်။ ယောင်္ကျားလေးတွေကြီးပဲမို့လွတ်လွတ်လပ်လပ်နှင့်သာအေးဆေးရေပူကန်ထဲတွေစိမ်နေမိကြသည်။ မျက်လုံးတွေကိုမှိတ်ချထားပြီးအသက်ပြင်းပြင်းရှူထုတ်လိုက်သည့်အခါခန္ဓာကိုယ်ရောစိတ်ပါပေါ့ပါးသွားပြီးနေရတာအတော်ကောင်းလာသည်။

နွေဦးပုံပြင်Where stories live. Discover now