အပိုင်း -(၃၂)

237 7 0
                                    

Unicode

ဒီအပိုင်းအတွက်ထည့်ပေးထားတဲ့ Song ကိုနားထောင်ဖြစ်အောင်နားထောင်ကြနော်💛

•••

အချိန်အခါမဟုတ် ထူးဆန်းစွာရွာသွန်းလာတဲ့မိုးကြောင့်‌ဂျူတီသွားရန်ပြင်နေသောနွေဦးမှာလုပ်လက်စတွေအကုန်ရပ်တန့်မိလိုက်ပြီးတစ်ခါမှမပျက်ဖူးသည့်ဂျူတီကိုခွင့်တင်လိုက်မိသည်။

လိုက်ကာကိုဆွဲဖွင့်လိုက်တော့မှန်ရဲ့တစ်ဖက်ခြမ်းကမြင်ကွင်းဟာလွမ်းဆွေးဖို့အကောင်းဆုံး။တအိအိရွာနေ‌တဲ့မိုးစက်တွေကြောင့်အပြင်ကိုသေချာမြင်ရပေ။‌မှန်ကိုလာရိုက်ခတ်သောလေများနှင့်ရေငွေ့များကအတိတ်တွေဆီကိုလွင့်မျောရဖို့အကောင်းဆုံးအခြေအနေ။

Kitchen ထဲသွားပြီးကော်ဖီပူပူနှစ်ခွက်ဖျော်လိုက်သည်။ ဆိုဖာပေါ်မှာထိုင်နေသည့်ခန့်လက်ထဲကိုတစ်ခွက်ပေးလိုက်ကာဝင်ထိုင်လိုက်ပြီးတစ်ခွက်ကသူ့လက်ထဲမှာ၊ အဲ့ဒီကော်ဖီကိုသူသောက်၊မသောက်မသေချာပေမယ့် ကော်ဖီကိုဖျော်လိုက်မိပြီ။ ထွက်လာသည့်ကော်ဖီနံ့သင်းသင်းကသူ့အာရုံတွေမှာလာငြိတွယ်သည်။ကော်ဖီခွက်၏အပူရှိန်ကြောင့်သူ့လက်ဟာနွေးနေပြီး၊ နှလုံးသားတစ်စုံဟာတော့ခိုက်ခိုက်တုန်နေလေ၏။

မှန်အပြင်ဖက်မှာရွာသွန်းနေသည့်မိုးစက်တွေကိုငေးကြည့်ရင်း မိုးစက်တွေလိုပဲသူ့စိတ်တွေကိုလည်းလွတ်လပ်စွာနဲ့လွှတ်ချပေးချင်လာတယ်၊ နှစ်တွေကြာသည်အထိတစ်ယောက်ထဲပိတ်မိနေတဲ့အတိတ်တွေကြားထဲကရုန်းထွက်ချင်လာတယ်၊ သို့ပေမယ့် ဒီသံသယာမှာတော့ သူဟာ ရုန်းလေနစ်လေပါပဲ၊ ရုန်းထွက်လေ သူကိုယ်တိုင်ဒီအတိတ်တွေကြားနစ်မြောလေ။

ဒီအတိတ်တွေထဲကရုန်းထွက်ချင်သလို၊တစ်တခါတရံကြပြန်တော့ ကိုယ် ကိုယ်တိုင်ပဲ ကိုယ့်ကိုယ်ကိုယ်အတိတ်တွေကြားပိတ်ထားမိသည်။

ဘာကြောင့်လဲဆိုရင်....
အတိတ်တွေမှာ နွေးထွေးမှုတွေရှိခဲ့လို့...။

တစ်ချိန်ထဲမှာပဲ အဲ့ဒီအတိတ်တွေထဲကနေရုန်းထွက်ချင်လာတာက ဘာကြောင့်လဲဆိုရင်....

အတိတ်တွေဟာ....သိပ်ကိုနာကျင်ရလွန်းလို့...။

အခုချိန်မှာ အတိတ်ကိုပြန်သွားလို့မရတာသိပေမယ့်ပြန်သွားချင်တယ်၊သူများတွေကအတိတ်ကိုနာကျင်စရာတွေများခဲ့လို့ပြန်မသွားချင်တော့တာဖြစ်ပေမယ့် နွေဦးဟာအနာဂါတ်ကိုဆက်မလျှောက်ချင်တော့သူတစ်ဦးဖြစ်သည်။
အနာဂတ်ကိုရှေ့ဆက်လေပိုနာကျင်ရလေ၊ထိုအတိတ်ထဲကရုန်းထွက်မရလေ ပိုရင်ကွဲရလေ။

You've reached the end of published parts.

⏰ Last updated: Jun 01 ⏰

Add this story to your Library to get notified about new parts!

နွေဦးပုံပြင်Where stories live. Discover now