အပိုင်း -(၂၀)

232 7 4
                                    

[Song recommend:
Strawberry and cigarettes // (slowed ver)]

Unicode

ဦးလေးစိုင်းနှင့် စကားတွေပြောပြီးသူတို့အသီးသီး ညဉ့်နက်လာပြီမို့အနားယူကြရန်ကိုယ်စီအခန်းထဲဝင်သွားကြပေမယ့်
မဝင်သွားနိုင်သူမှာနွေဦးဖြစ်၏။

တန်ဆောင်တိုင်ကအကြောင်းတွေအများကြီးပြောဖြစ်ကြတော့ လွမ်းမောသွား၍သူအနားမယူချင်သေးပါ။ အရင်ကအဖြစ်ပျက်တွေကိုသူ့‌အတွေးထဲပုံဖော်ရန်အိမ်ပြင်ကိုထွက်လာခဲ့မိသည်။

ညဘက်မို့လေတိုက်တိုင်းခန္ဓာကိုယ်ကတုန်သည်။ အနွေးထည် အထူကြီးဝတ်ထားတာတောင်နွေးထွေးမှုကအနည်းငယ်သာရ၏။ ကားကိုလှည့်၍တောင်အောက်ကိုမြင်နေရသည့်မြင်ကွင်းဖက်ကိုထိုးရပ်လိုက်ပြီးကားနောက်ဖုံးဖွင့်ကာ ဘီယာဗူးယူ၍သူဝင်ထိုင်လိုက်သည်။

တွဲလောင်းချထားသည့်ခြေထောက်နှစ်ဖက်ကိုကားပေါ်တင်လိုက်ပြီးခွေထိုင်နေမိသည်မှာခပ်ကြာကြာအထိ။ လေအေးတွေတိုက်လို့နှာခေါင်းထိပ်လေးတွေဟာရဲတွတ်နေပြီး နှုတ်ခမ်းပါးလေးတွေဟာမသိမသာတုန်ယဉ်နေသည်။
ဒါပေမယ့်သူအထဲမဝင်ဖြစ်ပါ။

ဘီယာအနည်းငယ်ကိုမော့၍အ‌အေးဒဏ်ကိုအံကြိတ်ခံရင်းတောင်ကြီးမြို့ရှု့ခင်းကိုတဝကြီးငေးနေမိသည်။ ဘဝမှာထပ်ပြီးမေ့မသွားအောင်၊ သူနှင့်အတူအမြဲတစ်သားထဲရှိနေအောင် အလွတ်ရသည်အထိမျက်စိရှေ့မှာမြင်ကွင်းကိုမှတ်နေသည်။

လွမ်းသည်။ နွေဦးရဲ့တစ်ယောက်သောသူကိုနွေဦးတကယ်လွမ်းပါသည်။ တစ်ခါလောက်ပဲဖြစ်ဖြစ်ထွေးပွေ့ခွင့်ရချင်သေးသည်။
တခါလောက်ပဲဖြစ်ဖြစ် နွေဦးနဖူးကိုငြင်သာစွာနမ်းသည့်အထိတွေ့‌လေးကိုပြန်ခံစားချင်သည်။

ဒီနေ့ဒီအချိန်ထိ နဖူးကိုနောက်ဆုံးအကြိမ်နမ်းသွားသောထိုအနမ်း၏နွေးထွေးမှုကိုနွေဦးခံစားလို့ရနေနိုင်ခြင်းဟာ ဘုရားကသူ့အားသနား၍ပေးအပ်ထားသောကောင်းချီးတစ်ခုဖြစ်လိမ့်မည်။ ဒီနွေးထွေးတဲ့ နဖူးပေါ်ကအနမ်းတစ်ခု၏အထိတွေ့ကိုသူမခံစားနိုင်ရင် ဒီနေ့ဒီအချိန်အထိနွေဦးမှာသေချာပေါက်ရပ်တည်နိုင်ဖို့အတွက်အင်အားမရှိပါ။

နွေဦးပုံပြင်Where stories live. Discover now