အပိုင်း -(၃)

431 31 13
                                    

Unicode

အခန်းထဲဝင်ဝင်ချင်းမှာပဲ ဆေးရုံကုတင်ထက်
လှဲလျောင်းနေသောအဖိုးဖြစ်သူကိုတွေ့လိုက်ရသည်။ သူ့အဖိုးကဆေးရုံသာတတ်နေတာလန်းဆန်းနေဆဲ၊သန်မာနေဆဲ၊ ဒါကိုဘာကြောင့်ဆေးရုံတတ်သလဲ မေးရင်ဆေးရုံမှာအနားယူချင်လို့ပါတဲ့လေ လူတိုင်းကဆေးရုံမှာနေရသည်ကိုငြီးငွေ့သော်လည်း ဘုန်းခန့်၏အဖိုးဖြစ်သူမှာဒါကိုပင်သဘောကျနေသည့် တကယ့်လူထူးဆန်း။

"ဘေဘီ ရောက်လာပြီလား"

"ခေါ်ပြန်ပြီအဖိုးရာ ကျွန်တော်ကလေးမဟုတ်တော့ဘူးလို့ ဒီအရွယ်အထိ ဘေဘီလို့‌‌ အခေါ်ခံရတာ ရှက်စရာကြီး"

ဟုတ်တယ်လေ။ ဒီလူကAll black ဝတ်ထားပြီးမိမိုက်နေတာကို ဘေဘီလို့အခေါ်ခံရတော့လူကအောင့်သက်သက်ခံစားလိုက်ရတာ‌ပေါ့။

"ငါ့မျက်လုံးထဲမှာတော့ ငယ်ငယ်ကရေချိုးပြီးကိုယ်လုံးတီးလေးနဲ့ အိမ်ထဲပတ်ပြေးနေတဲ့ကလေးလေးလို့ပဲထင်နေတာ"

"အဖိုး!"

"ဟားဟား"

အခန်းထဲမှာ nurse လေးတွေရှိနေတာကိုအဲ့လိုတွေပြောခံရတာတကယ်ရှက်ပါသည်။

အဖိုးကသူ့ကိုဆိုမခံချင်အောင်၊ရှက်အောင်၊စိတ်ဆိုးအောင် အရမ်းစတယ်။ ပြီးရင်သူစိတ်ဆိုးသွားရင်လည်းမနေနိုင် ဘေဘီချင်းထပ်အောင်ခေါ်ပြီးလိုက်ချော့ပြန်တယ်။

"ဒီရက်ပိုင်းအလုပ်တွေ အရမ်းများနေပုံပဲ၊တစ်ယောက်ထဲရှိတဲ့ အဖိုးဖြစ်သူကိုတောင်လာမတွေ့နိုင်လောက်အောင်"

စလာပါပြီစကားနာထိုးတာတွေ၊ အဖိုးကသူ့ကိုပစ်ထားရင်စိတ်ကောက်ပြီးရစ်တတ်ပါသေးသည်။

"ကျွန်တော် condo မှာပြောင်းနေမယ့်ကိစ္စတွေလုပ်နေရတော့မအားလို့ပါအဖိုးရဲ့"

"ဘေဘီ့အိမ်ကြီးတစ်ခုလုံးရှိနေတာပဲကို ဘာကိစ္စ condo မှာနေချင်ရသလဲ၊ ဘေဘီစားသောက်ဖို့ဘာညာ ဘယ်အဆင်ပြေပါ့မလဲ"

"ကျွန်တော်ဟိုမှာလည်းတစ်ယောက်ထဲပဲနေလာတာပါ ပြဿနာမရှိဘူး၊ အဆင်ပြေတယ်"

ဦးဘုန်းမာန်သူ့မြေးဖြစ်သူကိုထပ်ပြောလို့မရမှန်းသိတော့လည်း သူ့သဘောတိုင်းသာ‌ဖြစ်‌စေတော့သည်။ ဘယ်တုန်းကရောဒီကလေးကိုနိုင်ဖူးလို့လည်း အရာရာသူ့သဘော၊ သူစိတ်ချမ်းသာသလိုလိုက်လျောရတာပဲမဟုတ်လား။

နွေဦးပုံပြင်Where stories live. Discover now