အပိုင်း -(၂၈)

191 7 9
                                    

Unicode

ရန်ကုန်သို့ပြန်ရောက်ပြီးတဲ့နောက်ပိုင်းတွင် အလုပ်ကိုယ်စီနှင့် သူတို့အားလုံးဟာပုံမှန်အတိုင်းလည်ပတ်နေကြဆဲ။ အရင်ကနဲ့မတူပဲပြောင်းလဲသွားသောအရာတစ်ချို့ကတော့ ward ထဲကကို‌ရေခဲလို့ နာမည်ကြီးတဲ့သွေးအေးတဲ့ဒေါက်တာလွင်မိုးနိုင်ရဲ့သူရိန်မှူးအပေါ် မထိတထိထုတ်ပြတဲ့အချစ်တွေပါပဲ။

တောင်ကြီးကပြန်လာပြီးကတည်းကသူတို့အားလုံးနားရက်မရကြပေ။ဂျူတီကိုဆက်တိုက်ဝင်ကြရသည်။ ဒီနေ့ သွေးအေးတယ်ဆိုတဲ့သူရိန်မှူးရဲ့လူကြီးက ရှားရှားပါးပါးဂျူတီနားရက်လေးမှာအပြင်လိုက်ပို့ပေးပါမယ်တဲ့လေ။ ကြားကြားချင်းယုံတောင်မယုံနိုင်ပါ။ ချစ်သူဖြစ်ပြီးပထမဦးဆုံးနှစ်ယောက်ထဲဒိတ်ဖြစ်တဲ့အတွက်လည်းအလွန်အမင်းကိုစိတ်လှုပ်ရှားမိပါသည်။

"ဘယ်သွားမလဲ"

ကားပေါ်တက်တက်လာခြင်းမှာပဲအပြင်လိုက်ပို့ပေးမယ်ဟုပြောသောသူ၏ အမေးစကားဟာ ဘယ်သွားမလဲတဲ့။ သူလိုက်ပို့ပေးမယ်ဆိုလို့လာတာလေ ဘယ်သွားရမလဲ ကိုယ်ကဘယ်လိုသိမှာတုန်း။

"မသိဘူးလေ"

"ဒါဆိုဘယ်ကိုမောင်းရမှာလဲ"

ဟော သူပဲအပြင်သွားမယ်ဆိုပြီးခေါ်လာတာဘယ်‌ကိုမောင်းရမလဲကိုယ်ကဘယ်သိမှာလဲ။

"မသိဘူးလေ"

ဒီတခါမသိဘူးအဖြေကြောင့် ကားမောင်းသူနေရာမှလူကြီးကအရယ်အပြုံးကင်းမဲ့စွာနဲ့လှည့်ကြည့်လာသည်။ speechless ဖြစ်သွားတယ်ဆိုတာဒါမျိုးလား။

"ကိုယ်လည်းဘယ်သွားရမလဲမသိဘူး"

ခဏကြာမှထွက်လာတဲ့စကားသံကြောင့်သူရိန်မှူးမှာရယ်ရခက်၊ငိုရခက်။ ကိုယ်နဲ့လည်းအပြင်သွားပြီးဒိတ်ချင်တယ် ဘယ်နေရာကိုသွားရမယ်ဆိုတာကိုလည်းမသိတဲ့တုံးအ,လှသည့်
ကျွန်တော့်ချစ်သူပါလေ။

"ဟို...ဘယ်သွားချင်တာလဲ အစ်ကိုက"

"မင်းသွားချင်တဲ့နေရာကိုလိုက်ပို့ချင်တာ"

ရိုးရှင်းလှတဲ့အဖြေပါပဲ။ ဒီအဖြေကတော့ကိုယ်နဲ့လည်းသက်ဆိုင်လာပြီမို့စဉ်းစား‌ရတော့သည်။ နှစ်ယောက်သားချစ်သူဖြစ်တဲ့ပထမဦးဆုံးဒိတ်မှာတစ်နေရာထဲမှာပဲ အချိန်တွေကိုမကုန်ဆုံးချင်မိပါ။ တစ်နေရာပြီး၊တစ်နေရာ အမှတ်တရတွေချန်ခဲ့ချင်မိသည်လေ။

နွေဦးပုံပြင်Where stories live. Discover now