အပိုင်း -(၁၆)

193 10 5
                                    

Unicode

" ကဲ ဒါဆို မင်းတို့တွေသွားရမယ်ဆိုတာ confirm ဖြစ်သွားပြီနော်။ ဒီရက်တွေထဲပြင်ဆင်စရာရှိတာ ပြင်ဆင်ထားကြပေါ့ကွာ မင်းတို့ ward ကလူလည်း နည်းတော့နည်းနည်းပိုအားစိုက်ရမယ်"

ဆေးရုံအုပ်ကြီးက နွေဦးတို့ကိုခေါ်ပြီး နယ်မြို့လေးတစ်မြို့မှာ‌ သက်ကြီးရွယ်အိုတွေ၊ကလေးငယ်လေးတွေအတွက် ဆေးဝါးစစ်ဆေးမှုတွေကာကွယ်ဆေး‌တွေလိုက်ထိုးပြီး သုသေသနပြုလုပ်ရန်ခေါ်ပြောတာပင်။

ဟောက်ဆာဂျင်ဘဝတုန်းကမြို့တစ်ခုကိုသွားခဲ့ရဖူးသည်။ အရမ်းကိုခေါင်တဲ့မြို့ရွာလေးဖြစ်တော့အတော့်ကိုချို့တဲ့ကြတယ်။ အာဟာရချို့တဲ့မှုတွေ၊ လုံလောက်စွာဆေးကုသမှုမရပဲ အသက်ဆုံးရှုံးသွားကြတာတွေ အများကြီးကြုံတွေ့ခဲ့ရသည်။ ဒါကြောင့်ဒီလိုမျိုးတွေသွားရောက်ကုသပေးရတဲ့ အခါနွေဦးပျော်ပါသည် နောက်ပြီးအတွေ့ကြုံလည်းရ ကုသလိုလ်လည်းရမို့ မွန်မြတ်တဲ့အလုပ်တစ်ခုပင်။

ဒါပေမယ့်လည်း တစ်ချို့သူတွေကမလိုက်ချင်ကြပေ။ တခါသွားရင် 4,5ပတ် တစ်လနီးပါးလောက်ကြာတတ်တာမို့ လိုက်ချင်သူကခပ်ရှားရှားရယ်။ သူတို့မှာလည်းဆေးဝါးငွေကြေးလုံလောက်ရင်တောင်မှ လူအင်အားမလုံလောက်ပါ။ လုပ်အားပေးတဲ့သူနည်းတဲ့အတွက်ကြောင့်ပိုခက်ခဲရသည်။ တစ်ချို့လူတွေမလိုက်ချင်ကြတဲ့အကြောင်းရင်းက လူအင်အားနည်းတော့ပိုပင်ပန်းတာကတစ်ကြောင်း၊သူတို့မိသားစုကိုမခွဲခွာနိုင်၍ကတစ်ကြောင်း အဲ့လိုအကြောင်းပြချက်တွေနဲ့မလိုက်ချင်ကြတာပင်။

ဘယ်လိုပဲဖြစ်ဖြစ်မသွားခင်ရက်တော့မေမေ့ဆီမှာသွားနေရမည်။ တစ်လနီးပါကြာမှာမို့မျက်နှာ‌တော့ သွားပြထားမှဖြစ်မည်လေ။ တကယ်ဆို မေမေက အဲ့လိုခရီးတွေလိုက်သွားရင်နွေဦးကိုအခုထိစိတ်မချသေးတာအမှန်ဖြစ်သည်။ နွေဦးကလည်းသွားချင်ပြီဆိုရင်တားမရတော့ဘူး မဖြစ်,ဖြစ်အောင်ကိုသွားသည်။

ပါပါးကတော့မစိုးရိမ်တတ်တာတော့မဟုတ်ဘူး ဘယ်လိုအခြေနေမှာဖြစ်ဖြစ် ယုံကြည်ပေးထားကာငယ်ငယ်ထဲ ဘယ်သူကိုမှအားကိုးပြီးမနေခိုင်းပဲ ကိုယ်တိုင်လုပ်ရဲ၊ကိုင်ရဲအောင်သွားစေသည်။ ဒါကိုနွေဦးသဘောကျတာပင်။ ချုပ်ချယ်မှုမျိုးလုံးဝမရှိခဲ့ပဲ ယုံကြည်မှုအပြည့်ပေးထားပြီး ကိုယ့်ဒူးကိုယ်ချွန်နိုင်အောင်သင်ပေးတာ။

နွေဦးပုံပြင်Where stories live. Discover now