အပိုင်း -(၂၃)

187 9 5
                                    

Unicode

ထင်သည့်အတိုင်းပါပဲ။ ပွဲခင်းထဲရောက်ဖို့တိုးရမည့်ဆိုင်ကယ်အုပ်ကြီးဟာ ကျောက်ခမန်းလိလိ။ တစ်နိုင်ငံလုံးကလူတွေလာစုနေသလားအောက်မေ့ရသည်။ ဒါကိုဘုန်းခန့်က....

"မပြောပေဘူးလား။ ကားနဲ့သာဆိုရင်
ပွဲနောက်ဆုံးနေ့အထိ ခင်ဗျားကွင်းထဲကိုရောက်မှာမဟုတ်ဘူး"

ဟုဆို၍လွင်မိုးနိုင်ကိုလှမ်းခနဲ့သည်။ လွင်မိုးနိုင်ကသူ့အားလျစ်လျူရှူ၍ မျက်နှာလွှဲသွားလေသည်။ မှန်တာပြောလိုက်တော့ဘာမှပြန်မပြောနိုင်ဘူးတော့မဟုတ်လား။

မနက်ခင်းထဲက ထွက်လာပေမယ့် သူတို့ဒီကိုရောက်တော့နေ့လည်မွန်းတဲ့ချိန် ၁၂ နာရီကိုပင်ကျော်လွန်နေသည်။ နေပူကျဲတဲအောက်တွင်ဆိုင်ကယ်အုပ်ကြီးကို တိုးနေရတာမို့အအေးဓာတ်ကိုလည်းမခံစားရတော့တာကြောင့်အနွေးထည်တွေချွတ်ကာ ခေါင်းပေါ်ကိုအုံ့မိုးလိုက်ကြသည်။
ဒီနေပူထဲကြာကြာနေရင် ခေါင်းကိုက်မည်မဟုတ်လား။ နာရီပိုင်းလောက်မျှအထိကွင်းထဲရောက်ဖို့ကြာအုန်းမှာဖြစ်သည်။

ဒါကြောင့် ဆိုင်ကယ်မောင်းနေသည့်ခန့်ခေါင်းပေါ်ကိုပါအနွေးထည်နှင့်အုံ့မိုးပေးလိုက်မိတော့ဘက်မှန်ထဲကနေ သူ့အားပြုံး၍ကြည့်လာသည်။ နည်းနည်းတော့ နေရခက်သည့်အခြေအ‌နေဆိုပေမယ့်လည်း ကြာလာရင် ဒီကောင်လေးခေါင်းကိုက်လာမှာစိုး၍ ထိုအပြုံးကိုမသိချင်ယောင်ဆောင်ထားလိုက်သည်။

အရှေ့ကအစ်ကိုနွေဦးက အစ်ကိုဘုန်းခန့်အပေါ်နေပူမှာစိုး၍အနွေးထည်နဲ့အုံ့မိုးပေးထားတာကိုမြင်တော့ သူရိန်မှူးမှာ အရှေ့ကဆိုင်ကယ်မောင်းနေသည့် အစ်ကို့အားထိုအတိုင်းနေရောင်ကာထားပေးရမလားတွေးမိသည်။

သို့ပေမယ့်လည်း တစ်မျိုးထင်သွားမှာကိုလည်းကြောက်လှပါသည်။ မကာပေးထားပြန်ရင်လည်း ဒီအတိုင်းသာဆိုရင် နေပူထဲအကြာကြီးမို့ခေါင်းကိုက်မှာသေချာသည်။

မမေဖူးနွယ်တို့ကိုလှည့်ကြည့်မိ‌တော့ထိုအတိုင်းကာထားပေးတာကြောင့် သူရိန်မှူးတစ်ယောက်ဝတ်ထားသည့်အနွေးထည်အရှည်ကြီးကိုချွတ်လိုက်သည်။ ထိုနောက် သူ့နောက်ကျောကနေ
အစ်ကို့ခေါင်းပေါ်အထိအုံ့မိုးပေးလိုက်မိသည်။

နွေဦးပုံပြင်Where stories live. Discover now