အပိုင်း -(၁၇)

187 11 5
                                    

Unicode

မနက် 3 နာရီ Alarm မြည်သံကြောင့်နွေဦးအိပ်ရာကနေထ‌ရတော့သည်။ လုပ်ငန်းပိုင်းဆိုင်ရာမှာဒေါက်တာနွေဦး‌ထည်ဝါကအမြဲတမ်းအမည်သတင်းကောင်းသာထွက်ပေမယ့် သူတို့တွေမသိသေးတဲ့အချက်က နွေဦးဟာအအိပ်မက်တယ်ဆိုတာပါပဲ။ မနက်စောစောဆိုမထချင်။ တစ်နေကုန်လည်းနားချိန်ရတာနဲ့အိပ်ချင်သည်။

ဒီလိုမျိုးသွားဖို့ပြင်ဆင်ရတဲ့အခါတွေမှာဆိုလည်း Alarm ကို1နာရီစောပြီးပေးထားတတ်သည်။
ဘာကြောင့်လဲဆိုတော့ Alarm မြည်မြည်ချင်းသူမထသေးပါ။ အိပ်ရာထဲလှိမ့်နေပြီး အိပ်ချင်စိတ်ပြေမှထတာကြောင့်ပင်။ ဒီနေ့ကတော့ခရီးသွားရမှာဆိုတော့လန်းဆန်းနေမှဖြစ်မည်။ ညထဲကအထုတ်ပိုးတွေပြင်ထားပေမယ့် လိုအပ်တာတွေကိုထပ်ထည့်ရသည်။ တစ်လနီးပါးလောက်ကြာမှာဖြစ်တာကြောင့်လိုအပ်တာတွေမကျန်ခဲ့ရအောင်သေချာစီစစ်ပြီးထည့်ရ၏။
ပေါ့ပေါ့ဖြစ်မယ့်ဖိနပ်တစ်ရံကိုနောက်ဆုံးပိတ်ထည့်လိုက်ပြီး ဇစ်ပိတ်ကာမနက်စာပြင်ဆင်ဖို့ kitchen ထဲဝင်လာခဲ့လိုက်သည်။

‌ထွေထွေထူးထူးဘာမှလည်းမလုပ်ချင်တော့တာမို့ sandwich နှစ်ခုသာလုပ်ပြီး ဗူးလေးထဲထည့်လိုက်သည်။ နှပ်ထားတဲ့ကော်ဖီကိုနွားနို့အနည်းငယ်ထည့်၍အပူခံဓာတ်ဗူးနှစ်ခုခွဲထည့်ပြီးခြင်းတစ်ခုထဲပေါင်းထည့်လိုက်သည်။ ဒီလောက်ဆိုမနက်စာတစ်နပ်ပြည့်စုံသွားလောက်လေပြီ။

အိမ်ကနေထွက်ခါနီးအသီးနှံတစ်ချို့ကိုပါခြင်းထဲထပ်ထည့်၍အခန်းပြင်ထွက်ကာ မျက်နှာချင်းဆိုင်အခန်းကိုတံခါးခေါက်လိုက်သည်။

"ခန့် သွားကြတော့မလား"

"ခဏနော် ဒေါက်တာ။ ကိုယ်ယူစရာလေးရှိသေးလို့"

ဟုဆိုကာ အထုတ်ပိုးတွေကိုအခန်းဝချထားခဲ့ပြီးအထဲကိုပြန်ပြေးသွားသည်။ ခဏကြာတော့သူ့လိုပဲခြင်းလေးတစ်ခုယူလာသည်။ နောက်တော့ နှစ်ယောက်သားအခန်းတံခါးတွေပိတ်ပြီးအထုတ်ပိုးတွေနဲ့ကားပါကင်ကိုဆင်းလာကြတော့သည်။

::::::::

ဘုန်းခန့်မနေ့ကအဖိုးကိုသွားတွေ့ဖြစ်သည်။တစ်လနီးပါးလောက်ခရီးသွားရမယ်ဆိုတာကိုပြောပြတော့စိတ်ကောက်ချင်သည်။

နွေဦးပုံပြင်Where stories live. Discover now