အပိုင်း -(၇)

251 17 11
                                    

ဘုန်းခန့်ကော်ဖီဝယ်ဖို့အောက်ဆင်းသွားပြီးခါမှဒေါက်တာကဘာသောက်တတ်မှန်းမမေးခဲ့ရတာကိုသတိရ‌သွားသည်။ဖုန်းဆက်မေးရအောင်လည်းနံပါတ်ကမသိ၊အာ... messenger!ဒေါက်တာနဲ့ messenger မှာဘာစပြောရမလဲဟိုနေ့ညထဲကစဉ်းစားနေခဲ့တာအခုတော့စကားရပြီပဲ။

ဖုန်းကိုထုတ်ကာ Dr. Nway Oo Htal War ဆိုတဲ့ active now လေးထဲဝင်ပြီးစာတစ်ချို့ကိုစတင်ရိုက်နှိပ်ရန်ပြင်လိုက်သည်။ပထမဆုံးအစပျိုးသည့်စာဟာ "ဒေါက်တာ"ဟူ၍ပို့လိုက်၏၊ပို့သာပို့ရတာလက်ဖျားတွေအေးစက်ပြီးစိတ်လှုပ်ရှားနေတာတော့အမှန်ပင်။

2မိနစ်လောက်ကြာတော့ဒေါက်တာ့ဘက်က "ဗျာ..."ဆိုတဲ့ reply message ပြန်ရောက်လာပါသည်။

-ကိုယ်ဘာကော်ဖီဝယ်ခဲ့ပေးရမလဲ Cappuccino Americano, Espresso, latte ဘယ်ဟာသောက်လဲ-

-ကိုဆက်ဘုန်းခန့်ရှိန် အဆင်ပြေတာသာဝယ်ခဲ့ပါ-

_အပူလား၊အအေးလားဒေါက်တာ-

-ကြိုက်တာသာဝယ်ခဲ့ပါဗျာ")-

-ကိုယ်အခုဝယ်လာနေပြီနော်-

ဒေါက်တာကသူ့ message ကို yellow heart emoji လေးပေးလာပါသည်။ yellow heart emoji ဆိုတော့ဘာအဓိပ္ပာယ်ပါလဲ။ချက်ချင်းကိုသူ့ခေါင်းထဲ question mark တွေတန်းစီလာပါတော့သည်၊ အပေါ်ရောက်မှဒေါက်တာကိုမေးရန်မှတ်ထားလိုက်ပြီး Ice latte နှစ်ခွက်ဝယ်ဖို့ coffee bar ဆီသို့လှမ်းလာခဲ့ပါသည်။ဒေါက်တာနဲ့ပတ်သတ်‌ရင်ပြီးပြီးရောဆိုပြီးမလုပ်နိုင်ပါအသေးစိတ်ကအစလေးနက်ပြီးသေချာစေချင်တာသူ့စိတ်ရင်းအမှန်ပါ။

ဆေးရုံအောက်ထပ်က coffee bar ကိုရောက်တော့....

"မင်္ဂလာပါ ဘာများ order မှာယူမလဲရှင်"

"Ice latte နှစ်ခွက်ပေးပါ"

"ဟုတ်ကဲ့ couple ယူမှာလားရှင့်"

"ဟင် ဘာကိုလဲ"

"ညီမတို့ဆိုင်က promotion လေးရှိပါတယ်။ စုံတွဲတွေအတွက်ဆို couple ယူမယ်ဆို couple ခွက်လှလှလေးရယ် gift လေးရယ်ထည့်ပေးပါတယ်ရှင့်"

"အာ...ဒါဆို couple ပဲယူမယ်နော်"

ခဏကြာတော့ couple cup လေးနဲ့ coffeeနှစ်ခွက်ရယ်၊ chocolate လေးနှစ်ခုရယ်၊တစ်ပွင့်ထဲစည်းထားတဲ့နှင်းဆီပန်းအဖြူလေးရယ်ကို သေချာထုတ်ပိုထားသည့်စက္ကူအိတ်အညိုရောင်လေးဟာသူ့လက်ထဲကိုရောက်ရှိလာပါသည်။

နွေဦးပုံပြင်Where stories live. Discover now