အပိုင်း -(၂၂)

174 6 0
                                    

Unicode

[ Song recommend:
မောင့်ဆေးကျောင်းသူ (ခင်မောင်ထူး)...// ]

မနက်ခင်းမှာ သူတို့အားလုံးတာဝန်ကိုယ်စီခွဲ
ယူကြပြီးနေရာဒေသတွေကိုလိုက်လံတွေဆေးစစ်မှုတွေပြုလုပ်ပေးခဲ့သည်။ နောက်ရက်တွေလည်းသွားဖို့ရှိသေးတာကြောင့် ညနေခင်း ညစာစားပြီးတဲ့အခါ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင်ထိုင်ကာဆွေးနွေးနေကြ၏။

ဦးလေးစိုင်းက အနွေးဓာတ်ရစေရန် မီးပုံလေးမွှေးပေးထားသည်။ သူတို့ထိုင်နေတဲ့ကွပ်ပျစ်လေးက သစ်ပင်ရဲ့ဘေးပတ်ပတ်လေးကိုဝိုင်းပြီးလုပ်ထားတာဖြစ်သည်။ အလည်တွင်ပင်စည်အကြီးကြီးရှိကာ အုံ့မိုးပေးထားသည်။

"မနက်ဖြန်ကျရင်ရော ဒီလူအတိုင်းပဲသွားမလား၊လူလဲပြီးသွားချင်လား။"

အကုန်လုံးအဆင်ပြေမည်ကိုသာလိုလားသူမို့နွေဦးကမေးလိုက်သည်။ ဒါကို နွေဦးဘက်လှည့်ပြီးအကြောက်အကန်ငြင်းသူမှာ....

"ဒီတိုင်းပဲသွားမယ်လေဒေါက်တာ။ နော်"

ခန့် ကထပြောတော့သူရိန်မှူးမှာပါးစပ်ပိတ်နေလျက်သာ။ ခါတိုင်းဆိုလျှင် လွင်မိုးနိုင်နဲ့သွားရမှာကြောက်တဲ့သူကအခုငြိမ်ချက်သားကောင်းနေသည်။ တစ်ရက်ထဲနဲ့နှစ်ယောက်တူတူသွားကြည့်တာအဆင်ပြေပုံပဲ။

"ဒါဆိုလည်း နားကြတော့လေနော်။"

"ခဏ"

အကုန်လုံးထရန်ပြင်ပြီးမှစန္ဒီကတားလာတာမို့ပြန်ထိုင်လိုက်ရပြန်သည်။

"မီးပုံးပျံပွဲကိုတော့သေ‌ချာပေါက်သွားကြမယ်နော်။"

ဒီတော့မှ သူတို့မီးပုံးပျံပွဲကိုသတိရသွားကြ၏။ ဟုတ်သားပဲ။ မကြာခင်မီးပုံးပျံပွဲလာတော့မှာကို။ တောင်ကြီးတန်ဆောင်တိုင် ဆိုတာနဲ့အမြဲပြုံးလိုက်မိသူဟာနွေဦးဖြစ်သည်။ အရင်လိုအဝေရာကွင်းထဲခြေပြန်ချရ‌တော့မယ်ဆိုတော့ စိတ်တွေလှုပ်ရှားပါသည်။ မရောက်တာကြာပြီဖြစ်တဲ့အတွက်လည်း ရင်ခုန်သည်။ ဒီတခါတောင်ကြီးတန်ဆောင်တိုင်ကနွေဦးကိုအမှတ်တရတွေထပ်ဖြစ်စေမှာသေချာပါသည်။

"ခန့် တောင်ကြီး‌တန်ဆောင်တိုင်ရောက်ဖူးလား"

စန္ဒီတို့ကသူတို့စကားဝိုင်းနဲ့သူတို့ရှိနေကြသည်မို့ဘေးမှာထိုင်နေသည့်ကောင်လေးအားမေးလိုက်သည်။

နွေဦးပုံပြင်Where stories live. Discover now