အပိုင်း- (၃၁)

192 5 7
                                    

Unicode

"နွေ အဆင်သင့်ဖြစ်ပြီလား၊သွားမယ်လေ"

"ကိုယ်လာပြီခန့်၊ သွားမယ်"

ဒီနေ့ဟာနွေဦးရဲ့အထူးခြားဆုံးသူငယ်ချင်းမလေးကိုသွားကြိုမှာဖြစ်သည်။ အလယ်တန်းတက်နေချိန်ကတည်းကနေ အခုထိ နွေဦးဘေးနားမှာအစ်မတစ် ယောက်လိုမားမားမတ်မတ်နဲ့ရပ်တည်ပေးနေတဲ့ နွေဦးထပ်၈လကြီးတဲ့သူငယ်ချင်းမလေးပေါ့။

အထက်တန်းတွေပြီးကတည်းကကိုယ့်လမ်း ကြောင်းနှင့်ကိုယ်ဖြစ်ပြီးလူချင်းဝေးသွားကြရပေမယ့်အမြဲတမ်းအဆက်အသွယ်မပျက်ခဲ့ကြ။
အခုတော့အဲ့အထူးအခြားဆုံးသူငယ်ချင်းမကို ကိုယ့်ရဲ့ချစ်သူနဲ့ပေးတွေ့ချင်လို့ နားပူနားဆာလုပ်ပြီးပြန်လာခိုင်းထားရတာဖြစ်သည်။ ဟိုကလည်းမလာချင်ရှာဘူးနွေဦးကချစ်သူနဲ့မိတ်ဆက်ပေးမယ်ဆိုကတည်းကပိတ်ရက်ရှည်ရလို့အပြေးလာခဲ့မည်တဲ့....၊ကိုယ့်လိုလူရဲ့ချစ်သူကဘယ်သူလဲ၊ဘယ်လိုပုံစံသိပ်သိချင်နေပုံပဲ။

"လေယာဉ်ကမဆိုက်သေးတာများလား"

"လေယာဉ်ကဆိုက်ပြီ သူထွက်မလာသေးတာ၊ကိုယ်တို့ cafe ထဲမှာပဲစောင့်ကြမလား"

ရပ်နေရတာကြာပြီးဖြစ်တဲ့ခန့်ကိုအားနာလာလို့ပြောလိုက်ပေမယ့်....

"ရတယ် ဒီမှာပဲရပ်စောင့်ကြမယ်၊ မောင့်လက်ကိုခဏလောက်ကိုင်ထားပေးပါလား အခုမှစိတ်‌တွေတအားလှုပ်ရှားလာလို့"

"ဖြစ်ရလေခန့်ရာ...၊ ဘာမှမဖြစ်ဘူး
ပေါ့ပေါ့ပါးပါးပဲနေ"

ကိုယ့်လက်ထဲရောက်လာတဲ့ ချွေးစတွေပြန်နေတဲ့ အေးစက်စက်လက်တစ်စုံကို နွေဦးဆုပ်ကိုင်ထားပေးမိသည်။ "ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းနဲ့ခန့်ကိုမိတ်ဆက်ပေးချင်တယ်" လို့ဆိုကတည်းက ခန့်မှာအတည်ကိုစိတ်လှုပ်ရှားပြီးကြောက်နေခဲ့တာ၊ ဘယ်သူနဲ့မှဒီလိုမိတ်ဆက်ပေးဖူးတာမျိုးမရှိသေးတာကြောင့်ခန့်ကဒီအခြေနေကိုနေရခက်နေဟန်ရှိသည်။

"ဟော ဟိုမှာထွက်လာပြီ"

နွေ ကလက်မြှောက်ရင်းလှမ်းခေါ်နေသူထံကိုအကြည့်ပို့မိတော့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌sunglasses တပ်ထားပြီးကိုယ် တွေဆီကိုလျှောက်လှမ်းလာတဲ့ပုံရိပ်တစ်ခု၊ နက်မှောင်နေသောဆံသားတွေဟာဖြောင့်ဆင်းလျက်ရှိပြီး လျှောက်လှမ်းနေတဲ့ပုံစံအရ ထိုအမျိုးသမီးရဲ့အရပ်သည်သူတို့နဲ့မတိမ်းမယိမ်းလေးသာဖြစ်၏။

နွေဦးပုံပြင်Where stories live. Discover now