အပိုင်း -(၁၁)

214 13 2
                                    

Unicode

"အဖိုး ဒါဆိုကျွန်တော်ပြန်လို့ရပြီလားဟင်"

ရုပ်ရှင်ကြည့်နေသောအဖိုးကို လေသံအေးအေးလေးနဲ့သာသူမေးလိုက်ရသည်။အရမ်းပြန်ချင်နေပုံကိုလည်းမပြရဲ၊ ဆန္ဒတွေကိုသိက္ခာနဲ့ထိန်း‌ရင်းဖင်တကြွကြွဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်သည်းခံနေရတယ်။

"အင်း ပြန်ရင်လည်းပြန်တော့လေ ဘေဘီပင်ပန်းနေတာကို။ မျက်တွင်းတွေလည်းကျနေပြီ‌နော်
အဲ့လောက်ထိပင်ပန်းခံမနေနဲ့"

"ဟုတ်ကဲ့ပါ။ ဒါဆိုကျွန်တော်သွားပြီးနော်အဖိုး နောက်ရက်ပြန်လာခဲ့မယ်"

အဖိုးအခန်းထဲကထွက်လာပြီးမီးရောင်မှိန်မှိန်သာထွန်းထားသည့်ဆေးရုံလျှောက်လမ်းတွင်သူတစ်လှမ်းချင်းလျှောက်နေမိသည်။ ဆေးရုံအတွင်းအဲကွန်းကအချိန်ပြည့်ဖွင့်ထားတာဖြစ်လို့အအေးဓာတ်ကမနည်းလှပါ။ ရုံးကနေတန်းလာတာမလို့သူ့ခန္ဓာကိုယ်တွင် ဝတ်စုံအပြည့်ရှိနေတုန်းပင်။ အပေါ်ထပ်ကုတ်ကိုချွတ်ပြီး လက်ပေါ်မှာတင်ထားကာ ခေါင်းကိုအောက်ငုံ့စိုက်ထားလျက်နဲ့သူတစ်လှမ်းချင်းထပ်လှမ်း၍လျှောက်နေသည်။

အဖိုးအခန်းက 13 လွှာမှာဖြစ်လို့လူလည်းသိပ်မရှုပ်နေပဲ ဆေးရုံလျှောက်လမ်းတစ်ခုလုံးမှာသူတစ်ယောက်ထဲသာရှိသည်။ ခပ်လှမ်းလှမ်းကဆေးကောင်တာတစ်ခုတွင်လည်းဆရာဝန်အနည်းငယ်သာရှိသည်ကိုသူလှမ်းမြင်နေရသည်။ လျှောက်ရင်း‌နဲ့အနီးနားမှာရှိတဲ့ဆေးရုံခုံတန်းတစ်ခုတွေ့တော့ ခြေပစ်လက်ပစ်နဲ့အားရပါးရမှီပြီးထိုင်ချမိလိုက်တာကျောကအောင့်ခနဲ။

ဒီရက်ပိုင်းတွေမှာ သူ့စိတ်တွေအဆင်မပြေလှပါ။အလုပ်ရဲ့ဖိအားတွေကြောင့် stress များတာလည်းပါပေမယ့် တစ်ယောက်သောသူကိုမတွေ့ရတော့သူ့စိတ်ထဲတမြေ့မြေ့နှင့်လောင်မြိုက်နေခဲ့တာ။ သူကိုယ်တိုင်တောင်မသိလိုက်ရတဲ့အချိန်တွေမှာ ဒေါက်တာဟာသူ့စိတ်ထဲအလုံးစုံကိုဝင်ရောက်နေရာယူသွားတာဖြစ်သည်။ ဒီလိုတွေးမိတော့လည်း သူ့နှုတ်ခမ်း‌တွေကကွေးတတ်ကုန်၏။ အနားမှာအဲ့ဒီလူမရှိရင်တောင်မှပဲသူအကြောင်းတွေးမိလိုက်တာနဲ့တင်အနီးနားတစ်ဝိုက်မှာပန်းတွေပွင့်လာသလိုပင်။

နွေဦးပုံပြင်Where stories live. Discover now