အပိုင်း -(၂၄)

181 8 2
                                    

[Song recommend: "အင်းလေးတိုက်တေး" သီချင်းလေးနားထောင်ပြီးဖတ်မယ်ဆို vibes လေးပိုထိမိမယ်ထင်ပါတယ်]

Unicode

"မောင့်နွေဦးလေး..."

မနက်ခင်းစောစောမီးဖိုချောင်တွင်ကော်ဖီဖျော်နေသည့်နွေဦးအနားသို့တိုးကပ်လာ၍လေသံတိုးတိုးနှင့်ခေါ်လာသည်။ သူတို့နှစ်ယောက်ဟာ တကယ်ချစ်သူတွေဖြစ်သွားပြီဆိုတာမယုံနိုင်ကြသေးပေ။

"ကော်ဖီသောက်မယ်မလား"

"အင်း"

ကော်ဖီ‌နှပ်နေသော နွေဦးနောက်ကျော‌တွင်နေရာယူ၍ခါးတစ်ဝိုက်ကိုတင်းကျပ်စွာပွေ့ဖက်လာပြီး‌ဖြေသည်။ နေပင်မထွက်သေးတဲ့ဝေလီဝေလင်းအာရုံဦးအချိန်မို့ သိပ်ကိုအေးနေတာဖြစ်သည်။အနွေး‌ထည်ထူထူတွေဝတ်ထားသည့်ကြားက တစ်ယောက်ကိုယ်ငွေ့နှင့်တစ်ယောက် နွေးတစ်လှည့်ထွေးတစ်လှည့်ကြင်နာမိကြသည်။ကိုယ်ခန္ဓာတင်မက ရင်တွင်းထဲအထိ အနွေးဓာတ်များစီးဝင်လာရသည်မှာမေတ္တာဓာတ်ကြောင့်ဖြစ်မည်။

"ဒီနေ့ ညောင်ရွှေသွားမှာနော်"

နွေဦးတို့ဆေးစစ်မှုတွေကအဆုံးသတ်သွားပြီဖြစ်၍သူတို့တာဝန်ဟာပြီးဆုံးပါပြီ။ ဒါပေမယ့် ရန်ကုန်မပြန်ဖြစ်ကြသေးပဲ အားလုံးကတောင်ကြီးမှာပဲဆက်လည်ရန်ဆန္ဒရှိကြသည်မို့ မီးပုံးပျံပွဲနောက်ဆုံးနေ့အထိသူတို့နေဖြစ်ကြမှာဖြစ်သည်။

"ဟုတ်လား။ ဆိုင်ကယ်နဲ့ပဲလား"

ဘုန်းခန့်က နွေဦးပုခုံးတစ်ဖက်ပေါ်မေးတင်၍ခပ်တိုးတိုးမေးလာသည်။ ဒီကောင်လေးသိပ်ကိုရဲတင်းနေသည်မဟုတ်လား။ ဘယ် သူစိမ်းနဲ့မှဒီလောက်မျှအထိအတွေ့မရှိဖူးသူမို့ နွေဦးမှာကြက်သီးတွေပါဖြန်းကနဲထသည်။

"အင်းပေါ့"

"မောင်နဲ့တူတူသွားမယ်နော်။"

လာပြန်ပြီကြက်သီးထစရာကောင်းတဲ့အဲ့ဒီနာမ်စား။ သူ့ကိုယ်သူအဲ့ဒီလိုတစ်ခါသုံးလိုက်ရင်မျက်နှာတွေပူပြီး တစ်ကိုယ်လုံး‌ကျဉ်တက်သွားသူမှာနွေဦးဖြစ်သည်။ နောက်ပြီး ဒီကိုစရောက်ထဲကသူနဲ့ပဲအတူသွားနေတာကို အခုမှဘာတွေအထူးဆန်းလုပ်နေသလဲနားမလည်နိုင်။

နွေဦးပုံပြင်Where stories live. Discover now