အပိုင်း -(၂၇)

260 8 3
                                    

Unicode

"ဒီအတောအတွင်း အစစအရာရာကူညီပေးခဲ့တဲ့ဦးလေးစိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်"

"မဟုတ်တာ ဆရာတို့ရယ်၊ ကျွန်တော်တို့ဆီကိုတကူးတကလာခဲ့ပေးလို့ ကျွန်တော်တို့ကပိုပြီးတောင်ကျေးဇူးတင်ရမှာပါ၊ နောက်ထပ်လည်းအခါအခွင့်သင့်ရင်လာခဲ့ကြပါဦးဗျာ"

"လာခဲ့ရမှာပေါ့ဗျ၊ ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါဦးနော်"

မပြန်ခင်ဦးလေးစိုင်းကိုနှုတ်ဆက်ခဲ့ကြပြီးသူတို့ကားနှစ်စီးနဲ့ထွက်လာခဲ့ကြသည်။ ကားပေါ်မတက်ခင်မှာ ပြဿနာကတစ်ခုစသည်။
အလာတုန်းက နွေဦးနဲ့ခန့်ရယ် သူရိန်မှူးရယ်ကတစ်စီးလာပြီး၊ဟိုနှစ်ယောက်နဲ့လွင်မိုးနိုင်ကတစ်စီးဖြစ်သည်။ အခုအပြန်လည်းထိုအတိုင်းပဲသွားမယ်ထင်ပေမယ့် ကားပေါ်မတက်ခင်သူရိန်မှူးအားလွင်မိုးနိုင်ကဇွတ်ကိုသူ့အနားဆွဲခေါ်ထားသည်။

"အစ်ကို့...ကျွန်တော်ဟိုဖက်ကားနဲ့ပဲ..."

"ကိုယ်နဲ့တူတူမစီးချင်ဘူးလား"

လေသံတိမ်တိမ်နှင့်ချစ်ရသူကမေးလာပြန်တော့လည်းသူရိန်မှူးမှာမလူးမလွန့်သာ။ အခါခါတိုင်း 'ငါ'ဆိုပြီး နူးညံ့မနေတဲ့အစ်ကိုဟာ မနေ့ညကချစ်သူတွေဖြစ်သွားပြီးနောက် သူ့ကိုယ်သူ 'ကိုယ်' ဟုနာမ်စားပြောင်းသုံးခဲ့သည်။

သဘောကျလားဟုမေးရင်အတိုင်းမသိ
သ‌ဘောကျကြောင်းနှင့် ထိုနာမ်စားကသူရိန်မှူးရင်ထဲအနှိုင်းမဲ့စွာဖြစ်တည်ကြောင်းသေချာပေါက်ပြော‌ပြပေးဦးမှာပင်။

"အဲ့လိုမဟုတ်ပါဘူး.."

"မဟုတ်ဘူးဆိုရင်မပြောနဲ့တော့၊ ကားပေါ်သွားမယ်"

လက်ကိုဆွဲသွားပြီးသူရိန်မှူအားကားအရှေ့ခန်းတွင်နေရာချပေးပြီး သူကမောင်းသူနေရာတွင်ဝင်ထိုင်သည်။ အစ်ကို့ရဲ့ဒီလိုပုံစံတွေကိုသူရိန်မှူးသဘောကျရတာဖြစ်သည်။ ပြတ်သားပြီးအစ်ကို့ရဲ့စကားကိုလွန်ဆန်ရဲဖို့ရာစကားလုံးတွေမရှိ။ခဏကြာတော့ ဘယ်သူတက်လာဦးမလဲစောင့်နေပေမယ့် ဘယ်သူ့မှတက်မလာတော့ ဟိုနှစ်ယောက်ကအစ်ကိုနွေဦးတို့ကားထဲပါသွားပြီထင်တယ်။

နွေဦးပုံပြင်Where stories live. Discover now