အပိုင်း -(၂၆)

197 7 7
                                    

Song recommend: My love mine all mine// သေချာပေါက် ဒီသီချင်းလေးကိုနားထောင်ကြပါ၊ သီချင်းနားထောင်ရင်းဖတ်ချင်ဖတ်၊နားထောင်ပြီးမှဖတ်ချင်ဖတ်^^]

Unicode

"ဒေါက်တာ ဘာတွေလုပ်နေတာလဲဗျာ"

ဆေးဗူးတွေနဲ့အလုပ်ရှုပ်နေတဲ့တစ်ယောက်သောသူ၏ခါးကိုဖက်ရင်းမေးလိုက်မိသည်။ချစ်သူတွေစဖြစ်ပြီးကတည်းကဘုန်းခန့်သည်နွေဦးနှင့်ဖလှယ်တကင်းပွေ့ဖက်နေရတာကိုအလွန်အမင်းကိုသဘောတွေ့နေမိသည်။ ဘယ်သူနဲ့မှဒီလိုနီးနီးကပ်ကပ်မရှိဖူးသူတွေမို့ physical touch တွေနှင့်အစပိုင်းမှာနေသားမကျဖြစ်မိပေမယ့်
နှစ်ယောက်ထဲရှိတဲ့အချိန်ကြရင်တော့
ပွေ့ဖက်လိုက်ရမှာကိုကျေနပ်သည်။

"မင်းပဲခြေထောက်တွေကိုက်ခဲနေတယ်ဆို"

အင်းလေးမှာတစ်ညအိပ်ပြီးအပြန်ရက်ဆက်ပြီးမနားတမ်းလျှောက်သွားနေရတော့ခရီးပန်းတဲ့ဒဏ်တွေကိုခံစားနေရတာဖြစ်သည်။ အဲ့တာကိုမနေ့ညက စောစောအိပ်ရာဝင်ချိန်နွှမ်းနေတဲ့ပုံစံနဲ့သူ့ကိုနွေဦးကမေးလာ‌တော့'မောင်ခြေထောက်တွေကိုက်လို့'ဆိုပြီးပြောပြမိလိုက်တာဖြစ်၏။

"အဲ့ဒီဆေးတွေက မောင့်အတွက်လား"

ပုခုံးတစ်ဖက်ပေါ်မေးတင်ထားသည့်ခန့်ကိုတစ်ချက်ငဲ့ကြည့်လာရင်း....

"အင်း။ နေ့လည်ကွင်းထဲသွားမှာမဟုတ်လား နောက်ဆုံးရက်မို့ အဝကဲနိုင်အောင် ဆေးကြိုတိုက်ထားမလို့လေ"

" အောင်မလေးဗျာ...။ ဒီလို personal doctor လေးရှိနေတာမောင်အရမ်းကံကောင်းတာပဲကွာ"

ပိုပိုသာသာလေးပြောပြီး အချွဲပိုမိတဲ့အခါထပ်၍ခေါင်းငဲ့ကြည့်လာတဲ့အကြည့်တွေကမနိုင်ပါဘူးဆိုတဲ့အကြည့်။ ဒီကောင်လည်းကိုယ့်ကိုယ်ကိုယ်မနိုင်တော့ဘူးဒေါက်တာရယ်။

" personal doctor ရှိတယ်ဆိုတိုင်းမဆင်မခြင်နေလို့ကတော့ ဆေးထိုးအပ်ကြီးကြီးနဲ့တွေ့မှာပဲမင်းတော့"

"မောင့်ကိုဆေးထိုးအပ်ကြီးကြီးနဲ့ထိုးရက်တယ်ပေါ့။ ဟုတ်လား ဟင်...မောင့်ကိုထိုးရက်တယ်လား"

ပုခုံးပေါ်မေးတင်ထားရာကနေလည်တိုင်တွေကြားတိုးဝှေ့ရင်းကျီစယ်လာတော့နွေဦးမှာမနေတတ်တော့ပါ။ မေးရိုးတစ်လျှောက်ပေါက်နေတဲ့မုတ်ဆိတ်မွှေးတိုတိုလေးတွေကသူ့အသည်းကိုရင်တဖိုဖိုနှင့်ကျက်သီးများဖြန်းကနဲထစေသည်။

နွေဦးပုံပြင်Where stories live. Discover now