အပိုင်း -(၅)

295 22 5
                                    

မနေ့ညက Night duty ဝင်ထားတာဖြစ်လို့ဒီနေ့ဟာ နွေဦးရဲ့ဂျူတီ off day ပင်။ သူကပုံမှန်ဆိုအိမ်တွင်းပဲအောင်းနေတတ်သည့်သူမျိုး။အပြင်ထွက်ရတာဟာသူ့အတွက်အပင်ပန်းဆုံးဖြစ်သည်။ နားရက်တွေမှာလည်း တစ်နေကုန်အိပ်ရာပေါ်မှာသာ အချိန်ကုန်ဖြစ်သလိုသူ့အချိန်တွေကိုအပြင်တွေလျှောက်သွားရင်းနဲ့ ကုန်ပစ်ရမှာကိုအရမ်းနှမြောမိပါသည်။ သို့ပေမယ့် အခုတော့ သကောင့်သားလေးသူရိန်မှူးရဲ့ကောင်းမှုကြောင့်ထွက်ရပါအုန်းမည် "တရုတ်တန်းဘက်ကိုခဏ‌လိုက်ခဲ့ပေးပါ" ဆိုတဲ့ဟာလေးကြောင့်အခုသူ့အချိန်တွေကိုအပြင်ထွက်ရင်းကုန်ဆုံးရတော့မည်။

နွေဦး ကားပါကင်ကိုဆင်းလာပြီးတရုတ်တန်းဘက်ကိုဦးတည်၍မောင်းနှင်လာခဲ့သည်၊သူရိန်ကဟိုမှာကြိုရောက်ပြီးစောင့်နေတာမလို့ သူကတန်းသွားရုံသာ။ ခဏကြာမောင်းပြီးတရုတ်တန်းထိပ်ကိုရောက်လာတော့သူရိန့်အားဖုန်းဆက်ရပြန်သည်။ တရုတ်တန်းထဲလျှောက်လာခဲ့ဆိုလို့ကားထားဖို့နေရာသေချာရှာကာ သူဝင်လာခဲ့ပြီးသူရိန့်အားရှာရသည် ဒီနေ့မှတရုတ်တန်းကလူတွေစည်နေလိုက်တာများတိုးတိုက်ပြီးကိုဝင်နေရသည်။

သူဒါတွေကိုမကြိုက်တာပင်၊ လူအုပ်ကြီးထဲတိုးဝှေ့ပြီးသွားလာနေရတာတွေကစိတ်ကိုကျဉ်းကျပ်စေသည်။ သူကြီးကျယ်တာမဟုတ်ရပါ၊ လူတွေရဲ့ရနံ့ပေါင်းစုံရောထွေးနေလျက်ဒီလိုကြီးထိကပ်ပြီးသွားနေရတာကိုနွေဦးတကယ်မကြိုက်လှပါ။ ထိုစဉ်...

"ဒေါက်တာ"

"ဟင်"

ခေါ်သံကြောင့်လှည့်ကြည့်လိုက်စဉ်နွေဦးဘေးကိုရောက်နေသည်က မျက်နှာချင်းဆိုင်အခန်းကကောင်လေး။ နွေဦးရုတ်တရက်ဘာမှမပြောပဲငေးကြည့်နေမိတုန်း....

"ကိုယ့်ကိုမမှတ်မိပြန်ဘူးလား"

"အာ... အဲ့လိုမဟုတ်ပါဘူး၊ ရုတ်တရက်ဆိုတော့"

"အင်း ကိုယ်ရောပဲ ရုတ်တရက်ဒေါက်တာ့ကိုတွေ့လို့တရုတ်တန်းထဲဝင်လာခဲ့မိတာ၊ ဒေါက်တာတစ်ယောက်ထဲလာတာလား"

"မဟုတ်ဘူးဗျ၊ သူငယ်ချင်းကလှမ်းခေါ်လို့လာခဲ့တာ အခုသူ့ကိုလိုက်ရှာနေတာ။ ကိုဆက်ဘုန်းခန့်ရှိန်ကရော.."

နွေဦးပုံပြင်Where stories live. Discover now