အပိုင်း -(၉)

245 16 0
                                    

Unicode

Phoenix Group ကားပါကင်ထဲအရှိန်မနှေးမမြန်နှုန်းနဲ့မောင်းဝင်လာသော BMW နက်ပြာတစ်စီး၊ ထိုကားသည်ကားပါကင်ဝင်ပေါက်မှထိုကားအတွက်သီးသန့်ထားရန်လုပ်ပေးထားသည့်ကျယ်ဝန်းသောပါကင်တစ်ခုတွင်နေရာယူ‌နေသည်။ ကားပါကင်ထိုးနေပုံကိုကြည့်ခြင်းဖြင့်မောင်းနှင်နေသည့်သူဟာကားကိုကျွမ်းကျင်စွာနဲ့စမတ်ကျကျမောင်းနှင်နိုင်သောသူဟုပါကင်ရှိလုံခြုံရေးဝန်ထမ်းများမှတ်ချက်ပြုလိုက်ဖို့အထိထိုကားမောင်းသူဟာသူတို့အမြင်ကိုဖမ်းစားသွားသည်။ ကားထဲကဆင်းလာမည့်သူကိုမျှော်လင့်နေဆဲကားတံခါးကပွင့်လာတော့ဝန်ထမ်းများဟာပို၍သိချင်စိတ်ပြင်းပြကာဟန်တောင်မဆောင်နိုင်တော့ပဲသိသိသာသာကိုလှမ်းငေးနေကြပြီ။

ပထမဦးစွာ ပြောင်လက်ပြီးနက်‌စွေးနေသည့် shoe တစ်ဖက်ဟာမြေပြင်ပေါ်သို့ကျရောက်လာသည်။ ကားပေါ်ရှိလူကခြေထောက်တစ်ဖက်ကိုချကာ,ကားထဲ၌မပြီးပြတ်သေးသောအလုပ်အားလုပ်နေဟန်တော်တော်နဲ့ဆင်းမလာ။

စက္ကန့် 20 လောက်ကြာတော့ ဖိနပ်တစ်စုံဟာမြေပြင်ပေါ်သို့ရပ်ချလိုက်ပြီး All black suit နဲ့လူငယ်တစ်ယောက်ထွက်လာသည်။ ထိုသူသည်ကားတံခါးကိုဖွင့်ထားဆဲဆဲသူ့ suit coat ၏ဝမ်းဗိုက်နားကကြယ်သီးဖြုတ်ပြီးလက်နောက်ပြန်နှင့်လက်မောင်းတစ်ဖက်စီကနေဆွဲချွတ်လိုက်ပုံဟာကားပါကင်ထဲရှိဝန်ထမ်းများငေးခနဲ။ suit coat ကိုဖယ်ခွာလိုက်သည့်အခါတွင်ထိုလူရဲ့ပုခုံးကျယ်ကျယ်တွေဟာသိပ်ကိုစွဲဆောင်အားပြင်းလွန်းနေသည်ဆိုတာကိုငြင်းမရပေ။

suit coat အနက်ရောင်ကိုကားထိုင်ခုံပေါ်ပြန်တင်လိုက်ပြီးသူဝတ်ထားသည့် shirt နက်ပြာရောင်လက်ရှည်ကိုတံတောင်ဆစ်ထိခေါက်တင်နေပြန်ပါသည်၊လည်ပင်းအထိတပ်ထားသောကြယ်သီးတို့ကိုစိတ်အိုက်သလိုမျိုး3လုံးတိတိထပ်ပြီးဆွဲဖြုတ်လိုက်သည်၊ suit coat ကိုလက်ပေါ်မှာချိတ်ပြီးတစ်ဖက်ကရုံးအိတ်ကိုဆွဲ၍ဓာတ်လှေကားရှိရာဘက်ကိုတစ်လှမ်းချင်းလျှောက်သွားပုံသည်မြင်လိုက်သူတိုင်းကိုးကွယ်ချင်စရာနတ်ဘုရားတစ်ဆူ။

ဆက်ဘုန်းခန့်ရှိန် ဒီနေ့ပထမဆုံး Phoenix Group ကိုလာသောရက်မှာပင်လူတွေရဲ့ attention ကိုပြင်းပြင်းထန်ထန်ရလိုက်ပါသည်။ ဒီ Group ကိုသူစင်ကာပူမှာနေထဲကအတော်ဆုံးနှင့်အလုပ်ကိစ္စတိုင်းကိုသေချာပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချနိုင်မယ့် CEO ကိုငှားကာထိန်းသိမ်းအုပ်ချုပ်ခိုင်းထားခဲ့တာဖြစ်သည်၊ အဆင်ပြေနေတယ်လို့သတင်းတွေကြားရပေမယ့် သူကိုယ်တိုင်လာမကြည့်နိုင်၍အလုံးစုံတော့မယုံမိပါ၊ ဒီနေ့ကစပြီးတော့သူဒီ group ကိုပြန်လည်တာဝန်ယူရပါတော့မည်။

နွေဦးပုံပြင်Where stories live. Discover now