Intro

5K 93 1
                                    

Intro
•••••••••••

"ယောကျာ်းတစ်ယောက်ရဲ့မယားငယ်အဖြစ် တည်ရှိနေတဲ့ မင်းရဲ့ရှင်သန်ခြင်းက မင်းမိဘတွေရဲ့အမှားတစ်ခုပဲ ရှင်မင်းညို"

ရက်စက်လွန်းတဲ့စကားတွေက ရှင်မင်းရဲ့နားထဲကို ကန့်လန့်ကြီးဝင်လာပေမယ့် ရှင်မင်းဟက်ခနဲရယ်ပြီး အတော်နဲ့မရပ်ဘဲ မျက်နှာကိုပါမော့ပစ်လိုက်တယ်။
ပြောလိုက်တဲ့စကားကို လှောင်သလိုလုပ်ပစ်လိုက်ပေမယ့် အဲ့ဒီစကားတွေဟာ ရှင်မင်းရဲ့ရင်ကို အတိအကျထိမှန်စေတယ်၊ နာကျင်စေတယ်။
ဒါပေမယ့် ရှင်မင်းရဲ့နာကျင်ခြင်းကို မြင်လိုတဲ့ ဒီမိန်းမရှေ့မှာတော့ ရှင်မင်း နာကျင်မပြချင်ဘူး…

"ဘယ်မိန်းမကမှ ငါတစ်နေ့ မယားငယ်ဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးမရှိဘူး ပြီးတော့ ရှင် သက်သေမရှိဘဲလာစွပ်စွဲနေတာ နည်းနည်းမလွန်လွန်းဘူးလား"

"သက်သေမရှိပေမယ့် မိန်းမတစ်ယောက်ရဲ့ ဆဌမအာရုံဆိုတာရှိတယ် ဒီလိုဖြစ်လာမှာကို ငါအရင်ကတည်းက သိနေတယ် မင်းဒီလောက်ထိ မိုက်မဲလိမ့်မယ်လို့ထင်မထားတာ"

"အာရုံ ရရုံနဲ့ပဲ ကျွန်မက ရှင့်ယောကျာ်းရဲ့မယားငယ်ဖြစ်သွားရောလား ဒေါ်ရွှေမှုန်ကြဲ.. ရှင့်မလည်းလေ ဘယ်မိန်းမနဲ့ဖြစ်ဖြစ် လိုက်အူတိုနေတုန်းပါပဲလား"

"ဘယ်မိန်းမနဲ့ဖြစ်ဖြစ်ဆိုပေမယ့် ငါ့ယောကျာ်းကို ငါသဝန်တိုတာ လူမြင်တင့်တယ်,တယ် ပြီးတော့ ငါကမိန်းမတိုင်းနဲ့သဝန်တိုတာမဟုတ်ဘူး
အိမ်ထောင်ရှိယောကျာ်းကို အရှက်မရှိ ပတ်သက်ရဲတဲ့မိန်းမမျိုးတွေနဲ့မှ.."

ရှင်မင်း ထပ်ရယ်မိပြန်တယ်။
မျက်စိရှေ့မှာရှိနေတဲ့ ရွှေမှုန်ကြဲဆိုတဲ့မိန်းမဟာ ရှင်မင်းတို့ထက် ၁၀နှစ်လောက်ကြီးတယ်လို့ ကိုကိုပြောခဲ့ဖူးသည်။
ဒီလိုဆို ၃၅နှစ်ရှိလောက်ရောပေါ့။
ဒါပေမယ့် ဘယ်လောက်ကလက်တဲ့မိန်းမမျိုးလဲသိလား…

သူ့ဆံပင်ကို ရွှေဝါရောင်အဖျော့လေးဆိုးထားပြီး လည်ဂုတ်မထိတထိလေးဆိုတော့ ရှိရင်းစွဲအသက်ထက်ပိုပြီး နုနယ်နေတာ ဝန်ခံပါတယ်။
ခန္ဓာကိုယ်က ခပ်ဖိုင့်ဖိုင့်ကိုမှ အရပ်က ၅ပေယဲ့ယဲ့လောက်ပဲရှိလောက်မယ်။

🚨 Silent Criminals 🚨Onde histórias criam vida. Descubra agora