1

5.6K 100 1
                                    



Part - 1
•••••••••••

လွန်ခဲ့သော လေးနှစ်

မောင်က အလုပ်စဆင်းရမည့်နေ့ဖြစ်ပေမယ့် စိတ်လှုပ်ရှားနေဟန် မရှိပါဘဲ ပေါင်မုန့်ကိုထောပတ်သုတ်ပြီး အေးအေးဆေးဆေးစားသောက်နေ၏။
ရွှေမှုန့်မှာသာ မောင့်အတွက် ထမင်းချိုင့်ပြင်ပေးနေရင်း မောင့်မျက်နှာကို စိုးရိမ်စိတ်ဖြင့် ခဏခဏငဲ့ကြည့်ရသည်။

ကားshowroomတစ်ခုမှာ Showroom Leaderဆိုပေမယ့် မောင်နဲ့ဤရာထူးဟာ သိပ်မလိုက်ဖက်သေးသလိုထင်မိ၏။
သို့သော် Showroomပိုင်ရှင်က ရွှေမှုန့်ရဲ့မိတ်ဆြွေဖစ်နေသည်က တစ်ကြောင်း၊ မောင်သည် Showroomတစ်ခုလုံးကို သေချာစွာစီမံနိုင်သော အရည်အချင်းရရှိသည်က တစ်ကြောင်း ကြောင့်။

"မောင် စိတ်လှုပ်ရှားနေလား"

"ဘာမှမဖြစ်ပါဘူး ရွှေမှုန်ရယ် မဟုတ်လည်း Showroomတွေမှာ မောင်လုပ်နေကျပါ အခုမှ ရာထူးတစ်ခုရလာတာပဲရှိတာ"

ဟုတ်တော့လည်းဟုတ်သည်။
ရွှေမှုန့်မိတ်ဆွေ ဦးသန်းမြင့်က သူ့ရဲ့Showroomတွေကို မောင့်လက်သို့သာ အပ်ထားတတ်ကာ အခုမှသာ Leaderဟုရာထူးပေးလိုက်ခြင်းဖြစ်သည်။
မောင်ဟာ အစကတည်းက လုပ်ငန်းကျွမ်းကျင်သူမို့ ဒီအလုပ်ဟာလည်း မောင့်အတွက် ဘာမှခက်ခဲနေမှာမဟုတ်။

"ရွှေမှုန်က စိတ်ပူလို့ပါ သိတယ်မှလား မောင်ကသိပ်ငယ်သေးတယ်လေ"

"အဲ့လိုစိတ်ပူမနေနဲ့ ရွှေမှုန် မောင် ကလေးမဟုတ်တော့ဘူး"

မောင်က မျက်နှာအနည်းငယ်တင်းသွား၍ ရွှေမှုန်ကပဲ အလျှော့ပေးလိုက်ပြီး ထမင်းဘူးကိုအိတ်ကလေးထဲထည့်ကာ မောင့်ရှေ့မှာချပေးလိုက်သည်။
မောင်ဟာ ရွှေမှုန့်ထက်ငယ်ပေမယ့် ကလေးတစ်ယောက်လို ဆက်ဆံခံရတိုင်း စိတ်ဆိုးတတ်ပေမယ့် ရွှေမှုန်ဟာ စိတ်ပူတတ်မြဲဖြစ်သည်။
မောင်က ခေါင်းညိတ်ပြကာ ထမင်းဘူးအိတ်ကိုလှမ်းယူပြီး ကားသော့ကိုပါယူ၍ ထိုင်ရာမှထရပ်တော့ ရွှေမှုန့်စိတ်ထဲ ဘဝင်မကျဖြစ်သွားရ၏။

"မောင် တစ်ခုခုမေ့နေတယ်မထင်ဘူးလား"

"ဘာများလဲ"

🚨 Silent Criminals 🚨Where stories live. Discover now