Part - 20 (ဇာတ်သိမ်းပိုင်း)
•••••••••••ဒီနေ့ဟာ ရှင်မင်းမျှော်လင့်ခဲ့တဲ့နေ့ဖြစ်ပြီး အမှတ်တရဖြစ်အောင် အလှဆုံးပြင်ဆင်နေရင်း စိတ်ထဲအလိုလိုကျေနပ်နေမိသည်။
မနေ့ညကမှ ရွှေမှုန်ကြဲက ဖုန်းဆက်လာကာ ဒီနေ့အတွက် ပြင်ဆင်ခိုင်းထားခဲ့တာမို့ ပြဿနာတွေ အဆုံးသတ်ချိန်ရောက်ပြီဟု တွေးလိုက်မိသည်။တရားရုံးကိုရောက်တော့ ရွှေမှုန်ကြဲရော ကိုကိုပါရှိနေကာ ရှင်မင်းရောက်လာတော့ ကိုကိုကမျက်နှာပျက်သွား၏။
ရွှေမှုန်ကြဲက နောက်ဆုံးတစ်ခေါက်တွေ့ခဲ့စဥ်ကလို မြန်မာဝတ်စုံကိုဝတ်ထားပြီး ပထမတစ်ခေါက်ကထက် ပိုပြီးပြည့်လာသလို ထင်မိသည်။ကိုကိုကတော့ အနည်းငယ်ပိန်သွားပြီး အသားတွေပါညိုသွားတာမို့ ထိုမျက်နှာကိုကြည့်ရင်း ဝမ်းသာအားရကြီးဖြစ်သွားမိသည်။
ကိုကိုစိတ်ဆင်းရဲနေပုံဟာ သနားစရာမကောင်းချေ။"မတွေ့ရတာတောင်ကြာပြီနော်"
"မင်းဘာလာလုပ်တာလဲ"
"ငါခေါ်ထားတာ"
အပြောအဆိုတွေ ပြောင်းလဲသွားသော ရွှေမှုန်ကြဲကြောင့် ရှင်မင်းကြိတ်ပြုံးလိုက်ကာ ကိုကို့မျက်နှာကို ပြန်အကဲခတ်လိုက်၏။
ကိုကိုသည် ဒေါသဖြစ်နေဟန်လည်းရှိကာ နှစ်ဖက်မိဘတွေလည်းရှိနေ၍ မြိုသိပ်ထားရပုံလည်းရသည်။"ဒီမှာလက်မှတ်ထိုး မင်းထင်ကျော် မဟုတ်ရင် ငါ့ကိုအဆိုးမဆိုနဲ့"
"ရွှေမှုန် မဟုတ်သေးပါဘူး မောင့်ကိုအခွင့်အရေးပေးပါဦး မောင်.."
"ဘာအခွင့်အရေးလဲ နင် နောက်ထပ်ဖောက်ပြန်ဖို့လား"
"ရွှေမှုန်"
"ကွာပေးလိုက်ပါ ကိုကိုရယ် ပြောတော့ လက်ထပ်ကြမယ်ဆို သူနဲ့ကွာမှလက်ထပ်လို့ရမှာလေ"
ပြုံးစိစိမျက်နှာပေးဖြင့် ရွှေမှုန်ကြဲရှေ့မှာ တမင်ပြောလိုက်သည့်အခါ ကိုကိုက လက်သီးဆုပ်ပြီးအံကြိတ်လိုက်လေ၏။
ကိုကို့ရဲ့ခံပြင်းမှုဟာ ရှင်မင်းရဲ့ပျော်ရွှင်မှုပဲဖြစ်သည်။ဒါ့အပြင် ရွှေမှုန်ကြဲရဲ့အကွက်ကလည်း လှလွန်းတာမို့ မင်းထင်ကျော် နောက်မီးလင်းသည့်ကိစ္စ၊ ထိုနောက်မီးကိုလည်း လက်ထပ်ဖို့ကတိပေးထားသည့်ကိစ္စကို ကြေညာစရာမလိုဘဲ အသံတိတ်ချပြလိုက်သည့်နှယ်။
ရှင်မင်းကတော့ ကိုကို့ကိုဖျက်ဆီးပစ်ချင်စိတ်ဖြင့် ဘာလုပ်ရမလဲ အသေအချာစီမံခဲ့ပြီးသားဖြစ်သည်။
ESTÁS LEYENDO
🚨 Silent Criminals 🚨
No FicciónPG-13 စာရွက်တွေပေါ်မှာ ချရေးမထားပေမယ့် လူတွေ လိုက်နာရမယ့်ကျင့်ဝတ်ဆိုတာရှိတယ် ဒီလိုချရေးမထားလို့ ဥပဒေမမြောက်ဘူးဆိုပေမယ့် နင့်ကိုယ်ကျင့်တရားဟာ လောကရဲ့ရာဇဝတ်သင့်သွားပြီ အဲ့ဒီရာဇဝတ်မှုကို တိတ်တဆိတ်ကျူးလွန်နေတဲ့ နင်တို့.. နင်တို့တွေကသာ အသံတိတ်ရာဇဝတ်သားတွ...