4

2.6K 76 7
                                    

Part - 4
•••••••••••

"ကျွန်မ တောင်းပန်ပါတယ် ဆရာ"

ရုံးခန်းထဲReportလာတင်ရင်း ခပ်တိုးတိုးပြောလာသည့် ရှင်မင်းညိုကြောင့် keyboardပေါ်ကလက်တွေ ရပ်တံ့သွားရပြီး မော့ကြည့်လိုက်မိသည်။
သူမ မျက်နှာမကောင်းသလို အားနာနေဟန်ဖြင့် ကိုယ်လေးယို့ကာ မဝံ့မရဲပြန်ကြည့်နေ၏။

"ဘာဖြစ်လို့လဲ"

"ကျွန်မ ဖုန်းဆက်လိုက်လို့ ဆရာနဲ့ ဆရာ့ဇနီးစကားများတယ်လို့ ကြားလိုက်မိလို့ပါ ကျွန်မက တခြားစိတ်နဲ့မဟုတ်ပါဘူး
မရွှေမှုန်ကြဲက လာမေးထားတော့ တစ်ခုခုဖြစ်နေသလားလို့ သိချင်လို့ပါ"

"ဘာမှမဖြစ်ဘူး ရတယ် မင်းကိုအပြစ်မတင်ပါဘူး သွားတော့"

စိတ်မကြည်တာမို့ ထိုသို့နှင်ထုတ်လိုက်သည့်အခါ ရှင်မင်းညိုက ခေါင်းလေးငုံ့ကာ ခပ်ကုပ်ကုပ်ပြန်ထွက်သွား၏။
ဘာကြောင့်စိတ်မကြည်သလဲတော့ ကိုယ်တိုင်လည်း သေချာမသိပါဘဲ ​ရွှေမှုန်နဲ့စကားများလို့လားဆိုတော့လည်း မဟုတ်ပြန်။

မိန်းကလေးတစ်ယောက်နဲ့ ခင်မင်ရင်းနှီးလာသည့်အခါတိုင်း ပြဿနာအရှာခံနေကျမို့ ခုလိုစကားများခြင်းဟာ သာမာန်ကိစ္စတစ်ခုသာ။
တခြားနေရာမှာသာ သဘောထားကြီးသော ရွှေမှုန်ဟာ မိန်းကလေးတစ်ယောက်​ယောက်နဲ့ ပတ်သက်မိတိုင်း သဝန်တိုတတ်သူ။

"မောင် မသိပါဘူး"

"မသိရင်ပြောပြလေ မင်းတစ်ယောက်တည်းသိရုံနဲ့ ဖြစ်သွားတာမှမဟုတ်တာ"

"ဖြစ်တယ် မောင်သာ အဲ့ဒီမိန်းမနဲ့ကင်းကင်းနေ"

ဟု မတင်မကျစကားတွေဖြင့် ဘာကြောင့်မှန်းမသိသော ရွှေမှုန့်စကားဆို အမြဲနားထောင်ခဲ့ရခြင်းဖြစ်သည်။

"မောင့်ကိုစကားမပြောတော့ဘူးလား"

"ရှင်မင်းညိုကို သွားပြော"

မနက်ကချော့ဖို့ပြင်တော့လည်း ထိုသို့ထေ့ငေါ့လာ၍ ပိုပြီးစိတ်တိုလာကာ နောက်ထပ်ချော့ဖို့စိတ်ကူးမရှိတော့။
ကိုယ်ဟာ ရွှေမှုန်ကြဲမှတစ်ပါး ဘယ်မိန်းမကိုမှ မျက်လုံးထဲမြင်ခဲ့သူမဟုတ်။
ဒါကို သိနေပါလျက် ဘာကြောင့် သူ့ကိုရော၊ တစ်ဖက်မိန်းကလေးကိုပါ ပြဿနာလိုက်ရှာနေသလဲမသိ။

🚨 Silent Criminals 🚨Where stories live. Discover now