15

5K 117 12
                                        

Part - 15
•••••••••••

"မောင်တို့ကလေးယူရအောင်"

မောင့်စကားကြောင့် ရွှေမှုန်မျက်မှောင်ကုပ်သွားပြီး ဘာအတွေးတွေ ဝင်လာပြန်ပြီလဲဟု တွေးမိသွားသည်။
မောင်ဟာ လင်မယားကြားကကိစ္စကို ခုန်မင်တတ်သူဖြစ်ကာ အလိုလိုက်ဖို့ကိုလည်း မကြာမကြာပူဆာလျက်ရှိသည်။
ကလေးယူချင်သည်မှာလည်း ဒါကြောင့်ဟု စိတ်ထဲတွေးထင်လိုက်သည်နှင့် မောင့်တောင်းဆိုချက်ကို အလိုလိုခေါင်းခါမိလျက်သား…

"ရွှေမှုန်ကလည်းကွာ မောင်တို့အိမ်ထောင်သက် ၅နှစ်ထဲရောက်နေပြီ စီးပွားရေးလည်း အခြေတကျဖြစ်နေပြီ အဲ့ဒါကိုဘာလို့မယူချင်သေးတာလဲ"

"ရွှေမှုန်အဆင်သင့်မဖြစ်သေးလို့ပါ"

"ဘာကိုမဖြစ်သေးတာလဲ ရွှေမှုန်.. မင်းမဟုတ်သေးဘူးနော် ငါနဲ့နေမပေးချင်တာကို လက်ခံတယ် အစစအရာရာအဆင်ပြေနေတဲ့အချိန် ငါ့ကလေးကို ဘာလို့လွယ်မပေးချင်တာလဲ"

"အဆင်သင့်မဖြစ်သေးလို့ လို့ ရွှေမှုန်ပြောနေတယ်မလား"

"ဘာကို အဆင်သင့်မဖြစ်သေးတာလဲ"

ဒီတစ်ခါတော့ မောင်က ခါတိုင်းလို မျက်နှာပျက် နှုတ်ဆိတ်မသွားပါဘဲ ဒေါသတကြီးအော်လာပြီမို့ ရွှေမှုန်ဒေါသဖြစ်သွားမိသည်။
မောင် တကယ် ကလေးလိုချင်နေတာရော ဟုတ်ရဲ့လား…
ကိုယ်ဝန်ရဖို့အကြောင်းပြပြီး ရွှေမှုန်အလိုမလိုက်ချင်သည့်ကိစ္စကိုပဲ ပြုလုပ်ချင်နေတာလား…
ဒါ့အပြင် ရွှေမှုန် ကိုယ်ဝန်ဆောင်နေသည့် ရှစ်လ သို့မဟုတ် ကိုးလမှာ မောင်က ဒီကိစ္စတွေကနေ တကယ်ပဲ ကင်းကွာပြီးနေနိုင်မှာလား…

"ဘာကိုလဲဆိုတော့ အားလုံးကိုပဲ ရွှေမှုန် ကိုယ်ဝန်ဆောင်ဖို့ အဆင်သင့်မဖြစ်သေးဘူး ဇွတ်မပြောပါနဲ့လား"

"မင်းပြန်တွေးကြည့်ဦး ရွှေမှုန် ငါ့အသက် အခုမှ ၂၆နှစ်ပဲရှိသေးတယ် မင်းအသက် ၃၆နှစ်လောက်ရှိနေပြီ နောက်ထပ်နှစ်တွေကြာသွားလေ မင်း ကိုယ်ဝန်ဆောင်ဖို့ ပိုခက်ခဲလေပဲ
ပြီးတော့ ငါလည်း မင်းလွယ်ပေးတဲ့ မင်းရဲ့သွေးသားလေးလိုချင်တယ် ကလေးရှိတဲ့မိသားစုဘဝနဲ့ သာသာယာယာလေးနေချင်တယ်
မင်းမကြိုက်တာရှိရင် ကန့်သတ်လို့ရတယ် အဲ့ဒီအတွက် ဘာကိုခက်ခဲနေတာလဲ"

🚨 Silent Criminals 🚨Tempat cerita menjadi hidup. Temukan sekarang