10

3K 72 7
                                    

Part - 10
•••••••••••

"ဘိုဘိုကရော"

စမေးလာကတည်းက ရွှေမှုန်ဟာ ဘိုဘို့ရဲ့အခြေအနေထက် သူ ဘယ်ရောက်နေသလဲဆိုတာကိုပါ အတည်ပြုချင်ပုံရသည်။
သူ ပခုံးကိုသာတွန့်ပြလိုက်ပြီး ပြည်သူ့ဆေးရုံကြီးမှာဖြစ်ကြောင်းပြောကာ အင်္ကျီကြယ်သီးဖြုတ်နေလိုက်တော့ သူမက အနားကပ်လာပြန်သည်။

သူ ချွတ်ပေးလိုက်သောအင်္ကျီတစ်ထည်လုံးကို အပြန်ပြန်အလှန်လှန်ကြည့်ပြီးမှ ခြင်းထဲပစ်ထည့်ရင်း ဖုန်းကိုလှမ်းယူသည်။
ရွှေမှုန်လုပ်နေသမျှကို ကြည့်နေမိသည့်သူဟာ စိတ်ထဲနည်းနည်းလန့်နေမိပေမယ့် ခါတိုင်းလိုဒေါသမဖြစ်အားဘဲ ရယ်ချင်နေမိသည်။

ရွှေမှုန်နဲ့ပေါင်းခဲ့သည့် ကာလတစ်လျှောက်လုံး တစ်ခါမှလည်းမလိမ်ခဲ့သလို တစ်ခါမှလည်း သူမ ငြိုငြင်အောင်မနေခဲ့ဖူးပေမယ့် ဒီတစ်ခါမှာတော့ ဘာကြောင့်ကျူးလွန်ချင်နေသလဲမသိ။
ဘိုဘိုတို့ကတောင် မယားကြောက်ဟု ခေါ်ကြသည်အထိ သူ့မှာ မိန်းမမျက်နှာမညိုအောင် အသေအလဲထိန်းသိမ်းခဲ့ပေမယ့် တစ်ခါမှ စိတ်မချမ်းသာခဲ့ရ။

ဤခံစားချက်ဟာ ဘာနဲ့တူသလဲဆိုလျှင် တွေ့ချင်လွန်း၍ နေပူပူထဲ ရောက်လာသူကို ရှင်နောက်ကျတယ် အသုံးမကျဘူးဟု ဆီးကြိုအပြောခံလိုက်ရသလိုပင်…

"မနက်ဖြန် ဘိုဘို့ဆီသွားရင်လိုက်ခဲ့မယ်"

"မောင်ကသွားဖြစ်ချင်မှ သွားဖြစ်တော့မှာ ရွှေမှုန်က ကိုယ့်ဘာသာ သွားချင်သွားလိုက်လေ တကယ်လို့ မောင်လည်းအလုပ်မရှိလို့ သွားဖြစ်တယ်ဆို ဖုန်းကြိုဆက်မယ် အတူတူသွားရအောင်"

သူ့စကားကြောင့် ရွှေမှုန်က သံသယစိတ်လျော့သွားသလို ခေါင်းညိတ်ပြသည့် ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိပြန်သည်။
အမှန်အတိုင်းပြောတုန်းက လက်မခံခဲ့သော ရွှေမှုန်ဟာ အလိမ်အညာစကားကို တစ်ခါတည်းပြောရုံဖြင့် လက်ခံတာကတော့ အံ့ဩစရာကောင်းလှသည်။

"ဒီည မောင့်ညမလား"

"စိတ်မပါဘူး"

🚨 Silent Criminals 🚨Where stories live. Discover now