Part - 14
•••••••••••ဒီရက်တွေထဲ မောင်သည် လက်ထပ်ခါစအချိန်ကလို ရွှေမှုန့်အပေါ်ဂရုစိုက်လာသည့်အပြင် တစ်ခါတစ်လေမှာ ရွှေမှုန့်အတွက် ဆံညှပ်လှလှလေးတွေပါ ဝယ်လာပေးတတ်သည်။
စိတ်ထဲမှာ တမျိုးဖြစ်နေမိပေမယ့်လည်း မသင်္ကာစရာ ဘာမှမရှိသောကြောင့် မောင်ဟာ ရွှေမှုန်တို့အိမ်ထောင်ရေးကို သာယာဖို့ကြိုးစားလာသည်ဟုပဲထင်မိသည်။Showroomလည်းပြန်ဖွင့်ပြီမို့ အလုပ်သွား၊ အလုပ်ပြန် ရှိလာပြီဖြစ်ကာ တစ်ခါတစ်လေတော့ အိမ်ပြန်နောက်ကျတာမျိုးရှိလာတတ်သည်။
သို့သော် ရွှေမှုန်ဟာ ဒီလောက်တော့ နားလည်ပေးသင့်သည်ဟု ကိုယ့်ဘာသာယူဆမိ၏။"မိန်းမနော် ယောကျာ်းနဲ့အဆင်ပြေကာရှိသေး အသံကိုမကြားရတော့ဘူး"
ယမင်းက ပြုံးစစနှင့် စနောက်ကျီစယ်ရသည်အထိ ရွှေမှုန်ဟာ စိတ်ချမ်းသာနေခဲ့ရခြင်းဖြစ်သည်။
ညဘက်အချိန်မှန်မှန် အိမ်ပြန်လာပြီး အလုပ်ရှိရင်တောင် အိမ်မှာလုပ်တတ်တာမို့ ယောကျာ်းဟာ အလိမ္မာအိမ်ပါဖြစ်နေသည်မလား…"မောင်ရယ်လေ ပြောင်းလဲနေတယ် သူ့ကိုကြည့်ရတာ စိတ်ချမ်းသာနေသလိုပဲ အရင်ကနဲ့မတူတော့ဘူး"
"အေးပါအေ အဆင်ပြေကြရင်ပြီးတာပါပဲ နင် ဒီအပတ်အားရင် လပြည့်နေ့ ၁၂၅မိုင်သွားရအောင်လေ ဘိုးဘွားရိပ်သာရှိတယ်ဆိုပဲ"
"အေး.. သွားမယ်"
ယမင်းဆီကအပြန် အိမ်မှာမောင်ရောက်နေပြီဖြစ်ကာ ဒီတစ်ခါလည်းပြုံးစိစိမို့ မောင်တစ်ခုခုဝယ်လာပြန်ပြီမှန်းသိလိုက်ရသည်။
အများဆုံးဟာ ခေါင်းစည်းကြိုးနှင့်ကလစ်တွေပဲမို့ ပခုံးမကျတကျဆံပင်တွေကို လက်နှင့်ပင့်ပြလိုက်ပြီး…"ဆံပင်ကသိပ်မရှည်ဘူး တွေ့လား"
"အဲ့ဒါတွေမဟုတ်တော့ပါဘူး"
"ဘာလဲ"
"ဒီမှာ"
မောင့်လက်ထဲမှာ အနီရောင်ဘူးလေးရှိနေကာ ထိုဘူးလေးထဲမှာတော့ စိမ်းဖန့်နေသောကျောက်စိမ်းလက်ကောက်ကလေးတွေ။
လှိုက်ခနဲဝမ်းသာသွားစိတ်ဖြင့် ထိုဘူးလေးကိုလှမ်းယူလိုက်ကာ တစ်ကွင်းချင်းယူကြည့်မိရင်း လက်မှာစွပ်ကြည့်မိသည်။
ရွှေမှုန်က အသားဖြူသူမို့ အစိမ်းရောင်လေးက ထင်းနေကာ မောင့်ကိုမော့ကြည့်လိုက်မိ၏။
YOU ARE READING
🚨 Silent Criminals 🚨
Non-FictionPG-13 စာရွက်တွေပေါ်မှာ ချရေးမထားပေမယ့် လူတွေ လိုက်နာရမယ့်ကျင့်ဝတ်ဆိုတာရှိတယ် ဒီလိုချရေးမထားလို့ ဥပဒေမမြောက်ဘူးဆိုပေမယ့် နင့်ကိုယ်ကျင့်တရားဟာ လောကရဲ့ရာဇဝတ်သင့်သွားပြီ အဲ့ဒီရာဇဝတ်မှုကို တိတ်တဆိတ်ကျူးလွန်နေတဲ့ နင်တို့.. နင်တို့တွေကသာ အသံတိတ်ရာဇဝတ်သားတွ...