9

2.4K 69 4
                                    

Part - 9
•••••••••••

ရုံးဆင်းခါနီးမှဝင်လာသော ဖုန်းနံပါတ်ကြောင့် စိတ်တွေရှုပ်ထွေးသွားမိသလို မကိုင်ဘဲပစ်ထားဖို့စိတ်ကူးမိသေးသည်။
သို့သော် သူ မကိုင်မချင်းခေါ်နေမည့်ပုံဖြင့် ဆက်တိုက်ဝင်နေတော့ စိတ်ရှုပ်လာပြီး ဖုန်းကို Answerဘက်ဆွဲယူလိုက်သည်။

"ကိုမင်းထင်ကျော်လားဗျ"

ယောကျာ်းလေးသံထွက်လာ၍ ဖုန်းနံပါတ်ကိုပြန်ကြည့်မိတော့ ရှင်မင်းညိုရဲ့နံပါတ်ပဲမို့ ဖုန်းကိုနားမှာပြန်ကပ်လိုက်သည်။

"အခုပြောနေတဲ့သူက"

"Samson barက Waiterပါခင်ဗျ ဒီဖုန်းပိုင်ရှင်အမျိုးသမီးက ဒီနံပါတ်ကိုဆက်ခိုင်းလို့ပါ"

"ဘာ!!"

"အမျိုးသမီးက နည်းနည်းမူးနေတဲ့ပုံမို့ လာခေါ်ပေးပါဦးခင်ဗျ"

သူ အတော်ကြီးစိတ်လေသွားရပြီး သွားခေါ်ရမလား၊ မခေါ်ရမလား လမ်းပျောက်သွားရင်း နောက်ဆုံးအိမ်ကိုပဲ ပြန်လာခဲ့လိုက်သည်။
သို့သော် ဒီကောင်မလေးတစ်ယောက်တည်းဖြစ်နေမလား၊ ဘယ်လိုတွေဖြစ်နေမလဲဆိုသည့်အတွေးတွေဖြင့် ဖုန်းကိုတစ်ချက်လှမ်းကြည့်မိပြန်သည်။

Januaryလမို့ ညနေ ၆နာရီဟာ မှောင်နေပြီဖြစ်ကာ လမ်းမီးတွေလည်းလင်းနေပြီမို့ ဘယ်လိုလုပ်ရမလဲ ထပ်တွေးမိပြန်သည်။
မနေနိုင်သည့်အဆုံးမှာ ကားကိုလမ်းဘေးမှာရပ်လိုက်ပြီး ဖုန်းကိုလှမ်းယူကာ စောစောကနံပါတ်ဆီပြန်ခေါ်လိုက်သည်။
ရှင်မင်းညိုရဲ့ဖုန်းနံပါတ်ကို ဖျက်ထားခဲ့ပေမယ့် ဒီနံပါတ်ကိုအလွတ်ရနေတာကလည်း ဆန်းတော့ဆန်းသား…

"ကျစ်!! ဖုန်းကမကိုင်ပြန်ဘူး စောစောက ဘာ?.. Samsonလား"

Samsonဆိုတာကိုလည်း တစ်ခါမှမရောက်ဖူးတာမို့ လိုင်းပေါ်ရှာကြည့်ကာ ကားကိုပြန်ကွေ့ပြီး ထိုနေရာအတိုင်းမောင်းလာခဲ့သည်။
ထိုအချိန်ဖုန်းဝင်လာကာ ခေါ်နေသူကရွှေမှုန်ဖြစ်နေ၍ စိတ်ထဲထိတ်ခနဲဖြစ်သွားမိပေမယ့် Answerဘက်ဆွဲလိုက်၏။

"မောင် ပြန်မလာသေးဘူးလား"

"မလာသေးဘူး မောင့်သူငယ်ချင်းတစ်ယောက် accidentဖြစ်လို့ ခဏသွားပေးလိုက်ဦးမယ်"

🚨 Silent Criminals 🚨Where stories live. Discover now